
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွအုပ်စုရှိ သစ်ဆိမ့်ကုန်းကျေးရွာတွင် ဇူလိုင်လ ၂၂ရက်က င၀န်မြစ်ရေ တိုးလာမှုကြောင့် တာကျိုးပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
သစ်ဆိမ့်ကုန်းကျေးရွာရှိ ရွာလယ် တာလမ်းမ သည် မြစ်ရေတိုးမြှင့်မှုကြောင့် နံနက်(၁)နာရီအချိန်တွင် ကျိုးပေါကကာ ရွာအတွင်းသို့ ရေများ၀င်ရောက်လာကြောင်း ဒေသခံများကပြောသည်။
” မနေ့က သဲအိတ်တွေလာကာပေးသွားတယ် ရေစီးကြမ်းတာနဲ့ ဒီမနက် ပြန်ပေါက်သွားတယ် ရေကတော့ရွာထဲမှတရကြမ်း စီးနေတာပဲ” ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် ကျေးရွာ အတွင်း ရေ၀င်ရောက်မှုကြောင့် လူနေအိမ်များ ရေစီးနှင့်အတူ မျှောပါခြင်း၊ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်လာမည်ကိဒေသခံများမှ စိုးရိမ်နေကြသည်။
သာပေါင်းမြိုနယ်တွင် ဇူလိူင်လအတွင်း င၀န်မြစ်ရေ တိုးမှုကြောင့်ကျေးရွာ ရှစ်ရွာထက်မနည်း ရေနစ်မြုပ်နေပြီး ဒေသခံများစား၀တ်နေရေးအခက်အခဲ များနှင့်ရင်ဆိုင်နေရကြောင်းသိရသည်။
ထို့အပြင် ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားနေရသည့် ပြည်သူများသည် စီးပွါးရေးသမားများက ဆန်နှင့်ဆီကို စျေးတင်ရောင်းချနေမှုကိုလည်း ခံစားနေရကြောင်း ဒေသခံများကဆိုသည်။
#သာပေါင်းမြို့နယ် #င၀န်မြစ်ရေ #တိုးပြီးတာကျိုး #Ayeyarwaddy_Times