ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

ရီဗက်ပလီကင်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်ပြီး နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထားမှုကို အမေရိကန် ဒုတိယသမ္မတ ကာမဲလာဟား ရစ်က ထုတ်ဖော်ပြောလိုက်ပါတယ်။

ကာမဲလာဟားရစ်ဟာ တနင်္လာနေ့က အမေရိကန်နိုင်ငံအရှေ့ပိုင်း ဒီလာဝဲပြည်နယ်ရှိ ဒီမိုကရက် တစ်ပါတီရဲ့ ဌာနချုပ်မှာပြုလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲမှာ ပါတီဝင်တွေ၊ ထောက်ခံသူတွေကို မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲ ထပ်မပြိုင်တော့ဘဲ နှုတ်ထွက်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က တနင်္ဂနွေနေ့ က ကြေညာခဲ့ပြီး ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ကာမဲလာဟားရစ်ကို ထောက်ခံမယ်လို့ ပြောကြားခဲ့ပါတယ်။

“သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ရဲ့ ထောက်ခံမှုကိုရရှိတာဟာ ကျွန်မအတွက် ကြီးမားသော ဂုဏ်ပြုမှုတစ်ခုဖြစ်ပြီး သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ ရည်မှန်းထားပါတယ်” လို့ ကာမဲလာဟားရစ် က ပြောပါတယ်။

ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံကို နိုင်ငံသားအများစု လွတ်လပ်မှုနဲ့ အခွင့်အရေး အပြည့်အဝ မရရှိခဲ့ချိန်ကို ပြန်သွားလိုတယ်လို့ ၎င်းက ဆိုပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ကာမဲလာဟားရစ်က ပြော ပြီး လူပုဂ္ဂိုလ်တစ်ယောက်က အနာဂတ်မှာ အခွင့်အလမ်းတစ်ခုရှိတယ်လို့ ဒီမိုကရက်တွေက ယုံကြည် တယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; US Vice President Harris expresses resolve to confront Trump

#Ayeyarwaddy_Times