
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်က ထိန်းသိမ်းရေးစင်တာတစ်ခုမှာ လက်ရှိ နေထိုင်နေတဲ့ မြန်မာ နိုင်ငံသား ၁၀၀ ဝန်းကျင်က အစာငတ်ခံဆန္ဒပြမှု စတင်လိုက်ပြီး ၎င်းတို့ကို လွှတ်ပေးဖို့ တောင်းဆိုနေ တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေကို တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့လို့ မဏိပူရ်အကျဉ်းထောင်က ၎င်းတို့ကို လွှတ်ပေးပိုင်ခွင့်မရှိဘူးလို့ တာဝန်ရှိသူတစ်ဉီးဖြစ်တဲ့ ဘာဒရီကာက ပြောပါတယ်။
မြန်မာသံရုံးမှ အသေးစိတ် ရှင်းလင်းချက်ပေးပြီးမှသာ ထိန်းသိမ်းခံရသူတွေကို သူတို့ရဲ့မိခင်တိုင်း ပြည်သို့ နှင်ထုတ်မယ်လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
“ထိန်းသိမ်းခံရသူတွေကို သူတို့ကို မြန်မာနိုင်ငံသို့မဟုတ်ဘဲ နယ်စပ်က မိုရေးမြို့မှာ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်က မဏိပူရ်ဗဟိုအကျဉ်းထောင်ရဲ့ လုပ်ပိုင်ခွင့်မဟုတ်ဘဲ ဒေသန္တရအစိုးရရဲ့ လုပ်ပိုင်ခွင့်သာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အကျဉ်းထောင်အာဏာပိုင်တွေက ထိန်းသိမ်းခံထားရသူတွေထံမှ ရူပီး ၅၀၀၀၀ အထိ လာဘ်ငွေ ယူတဲ့ဆိုတဲ့ စွပ်စွဲချက်တွေက အထောက်အထားမရှိဘူးလို့ ၎င်းက ငြင်းဆန်ပါတယ်။
ထိန်းသိမ်းခံထားရသူတွေကို အကျဉ်းသားတွေရဲ့ စံနှုန်းနဲ့အညီ သောက်သုံးရေ၊ အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် အကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့ ဗွီဒီယိုကောတွေမှတစ်ဆင့် ဆက်သွယ်ခွင့်ပြု ထားတယ်လို့လည်း သူက ဆိုပါတယ်။
ကိုးကား – The Hindustan Times
Ref; Myanmarese in Manipur detention centre sit on hunger strike, demand release
#Ayeyarwaddy_Times