ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်တွင် ဇူလိုင်လ ၂၂ရက်နေ့အထိ င၀န်မြစ်ရေတိုးလာမှုကြောင့် ကျေးရွာတချို့ရေနစ်မြုပ်ကာ ဒေသခံများ စား၀တ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

“ခု က င၀န်မြစ်ကမ်းဘေးက ရွာတွေအကုန်လုံး ရေမြုပ်ကုန်တာ နှစ်တိုင်းရေတက်ပေမယ့် အခုတစ်ခါက ၂၀၁၅ တုန်းကလို အိမ်အမြင့်တွေပါ မြုပ်ကုန်တာ။ လှေမရှိရင် ဘယ်မှမသွားတတ်တော့ဘူး။ ဘာမှလဲ ချက်ပြုတ်စားလို့မရ၊ တချို့ဆို ရေလွတ်တဲ့ဘက်တွေကို ပြောင်းကုန်ကြပြီ” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

သာပေါင်းမြို့နယ် အတွင်းမှ င၀န်မြစ်ကမ်းပေါ်တွင်ရှိသော ဆောင်ပုံ၊ ဘုရားကုန်း၊ ကွင်းပေါက်၊ ခေနန် ၊ကမ်ဘဲ့၊ ညောင်ကုန်း၊ ရွှေရောင်ချ၊ သရက်ကုန်း စသည့် ကျေးရွာ ရှစ်ရွာထက်မနည်း မြစ်ရေးတိုးမှုကြောင့်နေအိမ်များနစ်မြုပ်နေပြီး သွားလာရေး အဆင်မပြေမှုများ‌၊ ဆန်၊နှင့်စားသောက်ကုန် ၀ယ်ယူရေးအတွက် ခက်ခဲလာကြောင်းသိရသည်။

လက်ရှိတွင် ဒေသခံများ၏ စပါးခင်းနှင့် စိုက်ခင်းအချို့ ရေနစ်မြုပ်ကာဆုံးရှုံးမှုများရှိခဲ့ပြီး နေအိမ်နစ်မြုပ်နေသူတချို့သည် ရေလွတ်ရာ ဘုန်းကြီးကျောင်းများနှင့်ဓမ္မာရုံများတွင် ရွှေ့ပြောင်းနေထိုင်မှုများရှိနေကြောင်း သိရသည်။

#သာပေါင်းမြိုနယ် #ကျေးရွာ၈ရွာ #ရေနစ်မြုပ် #ဒေသခံများ #စား၀တ်နေရေး #အခက်ကြုံ #Ayeyarwaddy_Times