ဧရာဝတီတိုင်းမ်
ဇူလိုင်၂၂ ရက်

တရုတ်ရဲ့တိုက်ခိုက်မှုကို ဘယ်လိုတွန်းလှန်ရမယ်ဆိုတာ ပုံစံတူလေ့ကျင့်တဲ့ နှစ်စဉ်ပြုလုပ်နေကျ Han Huang စစ်ရေးလေ့ကျင့်မှုအစမှာ ထိုင်ဝမ်က ဇူလိုင်လ ၂၂ ရက်မှာ မဟာဗျူဟာကျသော မြစ်တစ် စင်းမှာ ကမ်းတက်တိုက်ဖျက်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးလေ့ကျင့်မှုတွေမှာ လက်နက်ကြီးပစ်ခတ်တာလိုမျိုး လေ့ ကျင့်မှုတွေကို ဖျက်သိမ်းခဲ့ပေမယ့် ညပိုင်းလေ့ကျင့်မှုနဲ့ ဆက်သွယ်ရေးလိုင်းတွေကို ဘယ်လိုကိုင်တွယ်ရ မယ်ဆိုတဲ့ လေ့ကျင့်မှုတွေ အရှိန်မြှင့်မယ်လို့ သိရပါတယ်။

တိုင်ပေမြို့တော်သို့ ဉီးတည်စီးဆင်းနေတဲ့ အရေးပါသောမြစ်တစ်စင်းရဲ့ မြစ်ဝဖြစ်တဲ့ Tamsui မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှု ပထမနေ့မှာ မြို့တော်ကို မသိမ်းပိုက်နိုင်အောင် ရန်သူရဲ့ကမ်းတက်တပ်ဖွဲ့ တွေကို မိုင်းတွေနဲ့တိုက်ခိုက်တာကို ထိုင်ဝမ်စစ်သားတွေက လေ့ကျင့်ခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်းတစ်ခု ကျရောက်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ ဇူလိုင်လ ၂၅ ရက်မှာ စစ်ရေးလေ့ ကျင့်မှုကြောင့် မနက်ပိုင်းမှာ ထိုင်ဝမ်ရှိ Taoyuan လေဆိပ်ကို တစ်နာရီကြာ ပိတ်ထားမှာဖြစ်ပါတယ်။

တရုတ်ကမ်းရိုးတန်းနဲ့ ကပ်လျက်တည်ရှိပြီး စစ်အေးကာလအတွင်း တင်းမာမှုတွေအမြင့်ဆုံးဖြစ် ခဲ့ရာ Kinmen နဲ့ Matsu အပါအဝင် ထိုင်ဝမ်ပိုင်ကျွန်းစုတွေမှာ ကျည်အစစ်နဲ့ လက်နက်ကြီးပစ်ခတ်မှုကို ပြုလုပ်မယ်လို့ သိရပါတယ်။

၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို Wan’an အရပ်ဘက် ကာကွယ်ရေးလေ့ကျင့်မှုနဲ့ တစ်ချိန် တည်း ပြုလုပ်မှာဖြစ်ပြီး တရုတ်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မြို့တော်ရှိလမ်းမတွေကို နာရီဝက်ကြာ ပိတ်ထားတဲ့ ပုံစံတူလေ့ကျင့်ပြီး စမ်းသပ်မှု သတိပေးမှုက မိုဘိုင်းဖုန်းတွေမှာ အသံမြည်လာမှာဖြစ်ပါ တယ်။

သမ္မတ လိုင်ချင်တေး မေလအတွင်း ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တရုတ်က ထိုင်ဝမ်ကျွန်းဝန်း ကျင်မှာ ၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ခွဲထွက်ရေးလှုပ်ရှားမှုဖြစ်တဲ့ မိန့်ခွန်းပြောဆိုမှုကို အ ပြစ်ပေးမှုလို့ ဆိုပါတယ်။

ထိုင်ဝမ်ကို သူ့ရဲ့ထိန်းချုပ်မှုအောက် ပြန်လည်ရယူရာမှာ အင်အားအသုံးပြုမယ်လို့ တရုတ်နိုင်ငံ က ပြောကြားခဲ့ဖူးပါတယ်။

ထိုင်ဝမ်ပြည်သူတွေက သူတို့ရဲ့အနာဂတ်ကို ကိုယ်တိုင်သာ ဆုံးဖြတ်နိုင်တယ်လို့ ပြောဆိုထားတဲ့ လိုင်ချင်တေးက ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် တရုတ်က ငြင်းဆန်ခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Taiwan starts annual war games, aiming to closely mimic actual combat

#Ayeyarwaddy_Times