
ဓာတ်ပုံ - AFP (နေပြည်တော်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားအချို့အား မြင်တွေ့ရစဥ်)
ဗစ်တာ/ဧရာဝတီတိုင်းမ်
(ပြည်)၊ ဩဂုတ်လ ၁၀ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း) |ပြည်မြို့နယ်အတွင်းက စစ်ဆေးရေးဂိတ်တချို့ကိုလျှော့ချပြီး စစ်ဆေးရေးဂိတ်ကစစ်ကောင်စီတပ်သားတွေကို ရှေ့တန်းကိုပို့ဆောင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်မြို့နယ်အတွင်း မှာ နေရာအများအပြားကို စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး စစ် ဆေးတာတွေလုပ်ဆောင်ခဲ့ပေမယ့် ပြီးခဲ့တဲ့လပိုင်းတွေက စလို့ စစ်ဆေးရေးဂိတ်တချို့ကိုလျှော့ချပြီး မြို့အဝင်၊အထွက်နဲ့ မြို့တွင်းနေရာတချို့မှာသာ စစ်ဆေးရေးဂိတ်တွေရှိတော့တယ်လို့သိရပါတယ်။
” တဖြည်းဖြည်းနဲ့စစ်ဆေးရေးဂိတ်တွေဖြုတ်လာတာ သတိထားမိတယ်။ မြို့အဝင်၊အထွက်နဲ့ အရေးကြီးတဲ့နေရာတွေလောက်မှာဘဲဂိတ်ထားတော့တယ်။ အရင်ကရွာတွေဘက်ကိုပါဂိတ်တွေချထားတာ။ ခု အဲ့ဒီဂိတ်တွေမရှိတော့ဘူး ” လို့ မြိုခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပြည်-ဝက်ထီးကန်လမ်းပိုင်းက ဒကစ(ပြည်)နဲ့ အမှတ် ( ၇၀၁၂)တိုက်ခိုက်ရေးသံချပ်ကာတပ်ရင်းက စစ်ကောင် စီတပ်သားတွေ စောင့်တဲ့ စစ်ဆေးရေးဂိတ်တချို့ကိုလည်းဖြုတ်သိမ်းပြီးရှေ့တန်းကိုပို့ခံလိုက်ရတယ်လို့ ဒေသခံတဦးကလည်းပြောဆိုပါတယ်။
” ပြီးခဲ့တဲ့ မေလလောက်က ဒီတီတွတ်နဲ့ထန်းပေါက်ရွာတွေနားက ဂိတ်တွေကိုဖြုတ်ပြီး ရှေ့တန်းထွက်ရမယ်လို့ သူတို့(စစ်ကောင်စီတပ်သား) တွေပြောတယ် ။ လကုန်ပိုင်းလောက်ကျဂိတ်တွေသိမ်းပြီး သူတို့ကိုရှေ့တန်းပို့လိုက်တယ်လို့သိရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။
အဲ့ဒီလို စစ်ဆေးရေးဂိတ်တွေလျှော့ချထားပေမယ့် စစ်ကောင်စီတပ်နဲ့ရဲတွေက အိမ်စီးကားနဲ့ဆိုင်ကယ်တွေအသုံးပြုပြီး ကင်းပတ်တာမျိုးတွေကိုတော့ မကြာခဏလုပ်ဆောင်လေ့ရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။