ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

လူတွေ ဒါဇင်ချီ သေဆုံးကာ တစ်နိုင်ငံလုံးမှာ အင်တာနက်ဖြတ်တောက်မှု ဖြစ်စေခဲ့တဲ့ ဆန္ဒပြပွဲ တွေ ဖြစ်ပွားနေစဉ် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက ယနေ့စတင်မယ့် ပြည်ပခရီးစဉ်တွေကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေကြောင့် ဝန်ကြီးချုပ်က စပိန်နဲ့ဘရာဇီးသို့သွားရောက်မယ့် ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တယ်လို့ ပြန်ကြားရေးအတွင်းဝန် နာယီမူလ်အစ္စလာမ်ခန်းက ပြောပါတယ်။

ဆန္ဒပြကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ကြား ဒီသီတင်းပတ်အတွင်း ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် လူ ၁၀၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ အစိုးရရဲ့ အလုပ်ခန့်ထားရေးစံနှုန်းမူဝါဒကို ဆန့်ကျင်တဲ့ ကျောင်းသားတွေကြား ထိပ် တိုက်တွေ့ဆုံမှုတွေကို ဖြိုခွင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အရှိန်မြှင့်ခဲ့ပြီး စစ်တပ်တွေ တပ်ဖြန့်ကာ ညမ ထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး အင်တာနက်ဖျက်တောက်မှုကြောင့် ATM တွေ၊ မိုဘိုင်းငွေကြေးဝန်ဆောင် မှုလုပ်ငန်းတွေ သက်ရောက်မှုရှိခဲ့ပါတယ်။

ဆန္ဒပြပွဲတွေဟာ ဒီနှစ်အစောပိုင်း ရွေးကောက်ပွဲတွေမှာ စတုတ္ထသက်တမ်း အနိုင်ရရှိခဲ့တဲ့ ရှိတ်ခ် ဟာစီနာအတွက် အကြမ်းတမ်းဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။

အာဏာပိုင်တွေက ပြည်သူတွေ သေဆုံးတာနဲ့ပတ်သက်လို့ လွတ်လပ်သော၊ ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုတစ်ရပ် မဆိုင်းမတွ လုပ်ဆောင်ရမယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဇူလိုင်လ ၁၉ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေက တက္ကသိုလ်အားလုံး ပိတ်ပစ်ပြီးနောက် ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအ တွင်း သယ်ယူပို့ဆောင်ရေးကွန်ရက်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

၁၉၇၁ ခုနှစ်မှာ ပါကစ္စတန်နဲ့ ဖြစ်ပွားခဲ့တဲ့ လွတ်လပ်ရေးစစ်ပွဲမှာ ပါဝင်ခဲ့သူတွေရဲ့ မိသားစုဝင် တွေအတွက် အစိုးရအလုပ်အကိုင် ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားတဲ့မူဝါဒကို ကျောင်းသားတွေက ဆန္ဒပြ ခဲ့ကြတာပါ။

ကိုးကား – AFP
Ref; Bangladesh deadly protests escalate, PM cancels overseas trips

#Ayeyarwaddy_Times