
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFသည် စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ယခုအခါ စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။
စဉ့်ကူးစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်မှ သုံ့ပန်း အများအပြားကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်ရမိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှလည်း ပေးဆပ်မှုအချို့ရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့သည့် ရဲဘော်များအား ဦးညွှတ် အလေးပြု မှတ်တမ်းတင်ကြောင်း စစ်ဦးစီးအဖွဲ့က ဆိုသည်။
ဓာတ်ပုံ-MDY- PDF
#မန္တလေး #စဉ့်ကူး #စစ်ကောင်စီ #သမိုင်းမှတ်တမ်းတင် #MDY- PDF #သိမ်းပိုက် #Ayeyarwaddy_Times