
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်
၂၀၂၅ ခုနှစ် အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌအနေနဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အ ကျပ်အတည်းကို ဖြေရှင်းတာနဲ့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးနဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့် ရှောက်ရာမှာ မလေးရှားနိုင်ငံက ဉီးဆောင်အခန်းကဏ္ဍမှ တာဝန်ယူဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်နေတာကြောင့် မြန်မာရို ဟင်ဂျာအသင်း (ယူကေ) အနေနဲ့ နိုင်ငံတကာက အရေးပေါ် ကြားဝင်ပေးဖို့ အခုလို တောင်းဆိုတာပါ။
ရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့ ICJ ရဲ့ ကြားဖြတ်အစီအမံ ချမှတ်ခဲ့ပေမယ့် အဆိုပါအစီအမံက မလုံလောက်ဖူးလို့ မြန်မာရိုဟင်ဂျာအသင်း (ယူကေ) ရဲ့ ဉက္ကဌ ထွန်းခင်က အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
“အာဆီယံအဖွဲ့ဝင်အနေနဲ့ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အရေးပေါ်အကျပ်အတည်းကို အသိအ မှတ်ပြုဖို့ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံကို ကျွန်တော်တို့ လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။
ရိုဟင်ဂျာတွေကို ပစ်မှတ်ထားသော လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားလက်လွှတ် သတ်ဖြတ်မှု တွေကို ရပ်တန့်မယ့် ကြိုးပမ်းမှုတွေကို မလေးရှားနိုင်ငံက ဦးဆောင်ရမယ်လို့ ၎င်းက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေက ဆိုးရွားလာနေပြီး စစ်တပ်က အင်အားချိနဲ့လာကာ တော်လှန်ရေး တပ်ဖွဲ့တွေက တစ်ရက်ထက်တစ်ရပ် အင်အားတောင့်တင်းလာခဲ့ပြီး စစ်အာဏာရှင်ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့အားလုံးကို ရိုဟင်ဂျာအသိုင်းအဝိုင်းက ထောက်ခံအားပေးတယ်လို့ သူက ဆက်ပြော ပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၆၀၀၀၀၀ ခန့် ကြောက်မတ်ဖွယ်ရာ အခြေအနေအောက်မှာ နေထိုင် နေရပြီး ပြီးခဲ့တဲ့ ၂ လအတွင်း ရိုဟင်ဂျာ ၂၀၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ၎င်းက ထောက်ပြ ပါတယ်။
ကိုးကား – Bernama
Ref; Malaysia urged to lead ASEAN against Myanmar’s humanitarian crisis, Rohingya persecution
#Ayeyarwaddy_Times