ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံ သား ၁၁ ဦးလွတ်မြောက်ရေးမှာ မြန်မာစစ်ကောင်စီ အာဏာပိုင်တွေက ကူညီပေးခဲ့တယ်လို့ ရန်ကုန်မြို့ ရှိ အိန္ဒိယသံရုံးက ပြောပါတယ်။

ရွှေကုက္ကိုမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေ လွတ်မြောက်ဖို့ မြန်မာစစ်ကောင်စီ အာဏာပိုင် တွေက ဒေသန္တရ တာဝန်ရှိသူတွေရဲ့ အကူအညီနဲ့‌ ဆောင်ရွက်ပေးခဲ့တယ်လို့ အိန္ဒိယသံရုံးက လူမှုကွန် ရက် X မှာ ရေးသားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း မြန်မာနဲ့ ထိုင်းနိုင်ငံရှိ အိန္ဒိယသံရုံးတွေက အိန္ဒိယနိုင်ငံသား ၄၅ ဦးကို ကယ် ထုတ်နိုင်ခဲ့ပြီး ၁၅၀ ဉီးက ရွှေကုက္ကိုမှာ ပိတ်မိနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ကျားဖြန့်အချက်အချာဖြစ်တဲ့ ရွှေကုက္ကိူဟာ တရားမဝင် လောင်းကစားလုပ်ငန်း၊ လူမှောင်ခိုကူးမှု၊ အွန်လိုင်းလိမ်လည်မှု၊ ကျားဖြန့်လုပ်ငန်းတွေကြောင့် ကျော်ကြားပါတယ်။

၂၀၂၄ ခုနှစ်၊ မေလမှာ ကမ္ဘောဒီးယားနိုင်ငံမှ ကျားဖြန့်လုပ်ငန်းတွေမှာ သော့ပိတ်ခံထားရပြီး ခိုင်း စေခံထားရသော အိန္ဒိယနိုင်ငံသား ၃၆၀ ကို ကယ်တင်ခဲ့ပါတယ်။

ကယ်ထုတ်ထားသော အိန္ဒိယနိုင်ငံသားတွေကို မကြာမီ နေရပ်ပြန်ပို့မယ်လို့ အိန္ဒိယသံရုံးက ပြည် ပရေးရာဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်ရုံးကို အသိပေးခဲ့ပါတယ်။

ကိုးကား – Hindustan Times
Ref; 11 Indians trapped in Myanmar job scam released, to return home soon

#Ayeyarwaddy_Times