ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

တိုင်းပြည်တစ်ပြည်မှာ မှုခင်းဖြစ်ပွားမှုနှုန်းဆိုတာ အဆိုပါတိုင်းပြည် ရင်ဆိုင်နေရတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးပြဿနာတွေအတွက် ညွှန်ပြကိန်းတစ်ခု ဖြစ်ပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနဲ့ အခြားရာဇဝတ်မှုတွေကို ထင်ဟပ်စေတဲ့ ကမ္ဘာ ပေါ်မှာ မှုခင်းဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးတိုင်းပြည်တွေ ရှိပါတယ်။

Global Organization Crime Index ရဲ့ အချက်အလက်တွေအရ ကမ္ဘာပေါ်မှာ မှုခင်းဖြစ်ပွားမှု နှုန်း အမြင့်မားဆုံး တိုင်းပြည် (၁၀) ခုမှာ မြန်မာနိုင်ငံက အဆင့် (၁) နေရာ ရပ်တည်နေပါတယ်။

မြန်မာဟာ ကမ္ဘာပေါ်မှာ မှုခင်းဖြစ်ပွားမှုနှုန်း အမြင့်မားဆုံး တိုင်းပြည်ဖြစ်ပြီး မှုခင်းဖြစ်ပွားမှု အ ညွှန်းကိန်းက ၈ ဒသမ ၁၅ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူမှောင်ခိုကူးမှု၊ လက်နက်မှောင်ခိုကူးမှု အပါအဝင် ကျယ်ပြန့်သော ရာဇဝတ် ဆိုင်ရာဈေးကွက်တစ်ခု ရှိနေတယ်လို့ Global Organization Crime Index က ဖော်ပြပါတယ်။

ရွှေနိုင်ငံလို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံမှာ သစ်မှောင်ခိုကူးမှုကနေ ငွေကြေးရာဇဝတ်မှုတွေ အထိ ရာဇဝတ်မှုအမျိုးမျိုး ဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံရဲ့နောက် ကမ္ဘာပေါ်မှာ မှုခင်းဖြစ်ပွားမှုနှုန်း ဒုတိယအမြင့်မားဆုံးတိုင်းပြည်မှာ ကိုလံ ဘီယာဖြစ်ပြီး မက္ကဆီကို၊ ပါရာဂွေး၊ ကွန်ဂိုသမ္မတနိုင်ငံ၊ နိုင်ဂျီးရီးယား၊ တောင်အာဖရိက၊ အီရတ်၊ အာဖ ဂန်နစ္စတန်နဲ့ လက်ဘနွန်နိုင်ငံတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

ကိုးကား – Tempo
Ref; 10 Countries with the Highest Crime Rates in the World

#Ayeyarwaddy_Times