
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အမှတ်(၅) ရပ်ကွက်ရှိ ဓါတုဝိဇ္ဇာ ဘုန်းကြီးကျောင်းတွင် ဇူလိူင်လ ၁၇ရက်နေ့မနက်ပိုင်းက သံဃာ (၇၂)ပါးအစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
မနက်ပိုင်း အာရုံဆွမ်းအဖြစ် မုန့်ဟင်းခါးစားပြီးနောက် မူးဝေအော့အန်ခြင်းများဖြစ်ပွားလာသောကြောင့်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း ပုသိမ်မြို့လူမှုကူညီရေး အဖွဲ့ထံမှ သိရှိရသည်။
” သံဃာက ၇၂ပါး ကျောင်းသား တစ်ဦး စုစုပေါင်း ၇၃ဦးပါ ဆေးရုံကို လူမှုကူညီရေး ကား လေးစီးနဲ့ပို့ဆောင်ပေးခဲ့တာ သံဃာ ၁၂ပါးက ညနေပိုင်းတင်ပြန်ဆင်းသွားတယ်”ဟု လူမှုကူညီရေးအဖွဲ့၀င်တစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။
လက်ရှိတွင် အစာအဆိပ်သင့် သည့်ဖြစ်စဥ်နှင့်ပတ်သတ်ပြီး သံဃာများစားသုံးခဲ့သည် အစားအသောက်များကို ပုသိမ်မြို့နယ်ကျန်းမာရေးဌာနမှ ဓါတ်ခွဲစစ်ဆေးလျှက်ရှိပြီး လက်ရှိတွင် အစာအဆိပ်သင့်သော သံဃာများမှ ၅၀ကျော် သက်သာသောကြောင့်ဆေးရုံဆင်းသွားပြီ ဖြစ်ကြောင်းသိရှိရသည်။
#ပုသိမ်မြို့ #ဓါတုဝိဇ္ဇာဘုန်းကြီးကျောင်း #သံဃာ၇၂ပါး #အစာအဆိပ်သင့်မှုဖြစ်ပွား #Ayeyarwaddy_Times