ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

ကမ္ဘာတစ်ဝန်းတွင် ယနေ့ ဇူလိုင် ၁၉ ရက်နေ့က Microsoft IT Outage နည်းပညာပြတ် တောက်မှုဖြစ် ပေါ်ခဲ့သည့်အတွက် Microsoft (မိုက်ကရိုဆော့ဖ်) ဝန်ဆောင်မှု နည်းပညာကိုအသုံးပြု၍ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုပေး နေသည့်လုပ်ငန်းများမှာ ရပ်ဆိုင်းကြန့်ကြာမှုများ ကြုံတွေခဲ့ရကြောင်း သိရသည်။

နည်းပညာ ပြတ်တောက်မှုကို ဖြစ်ပွားစေသည့် ပြဿနာမှာ Microsoft ကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် ဆိုက်ဘာလုံခြုံရေးဆော့ဖ်ဝဲကုမ္ပဏီ CrowdStrike ၏ Update ချို့ယွင်းချက် အချို့ကြောင့်ဖြစ် ပွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆိုက်ဘာလုံခြုံရေးဆော့ဖ်ဝဲကုမ္ပဏီ CrowdStrike ၏ CEO ဖြစ်သူ George Kurtz က ကမ္ဘာလုံးဆိုင်ရာ နည်းပညာပြတ်တောက်မှုကိုဖြစ်စေသည့် ပြဿနာအရင်းအမြစ်ကို တွေ့ရှိပြီဖြစ်ကာ ပြုပြင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် ၎င်းမှာ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပွားခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အိုင်တီ နည်းပညာစနစ်ပြတ်တောက်မှုများမှာ ကမ္ဘာအနှံ့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စင်္ကာပူ၊ အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ နှင့် သြစတြေးလျ စသည့် နိုင်ငံများတွင် လေယာဉ်ပျံသန်းမှု၊ ဘဏ်လုပ်ငန်း၊ ဈေးဝယ်စင်တာများ နှင့် ကုမ္ပဏီလုပ်ငန်းများအပေါ် သက်ရောက်မှုများ ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် Windows Operating Systems အသုံးပြုသည့် ကွန်ပျူတာများတွင် Blue screen များပေါ်လာကာ သုံးမရဖြစ်ခြင်း၊ လေဆိပ် check-in ကောင်တာများတွင် ပြဿနာကြုံ တွေ့ရခြင်းများအပြင် ယူကေ ရှိ Sky News နှင့် သြစတြေးလျရှိ ABC သတင်းဌာနများမှ သတင်းတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များ ရပ်တန့်ခဲ့ခြင်းတို့ဖြစ်ပါ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
#ITOutage #Microsoft #နည်းပညာပြတ်တောက်မှု #ကမ္ဘာတစ်ဝန်း #Ayeyarwaddy_Times