
ဧရာဝတီတိုင်းမ်
(မိုးကုတ်)၊ ဇူလိုင် ၁၈ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် ဖြစ်ပွားနေသည့် ယနေ့ ဇူလိုင် ၁၈ ရက်နေ့ မိုးကုတ်မြို့ အရှေ့ပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီစခန်း သုံးခု နှင့် လက်နက်ခဲယမ်းအချို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြာင်း တအာင်းတပ်မတော် (TNLA) ကထုတ်ပြန်ထားသည်။
ယနေ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂၊ ၂၄ ရက်မြောက် စစ်ဆင်ရေးနေ့တွင် မိုးကုတ် အရှေ့ပိုင်းရှိ လေးမျက်နှာဘုရား၊ မောနိရကျောင်း၊ ညောင်သုံးပင် နှင့် ပတ္တမြားစေတီ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် TNLA၊ မိုးကုတ်ဗျူဟာ-PDF ပူးပေါင်းတပ်ဖွဲ့ တို့သည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ထိတွေ့တိုက်ပွဲများအတွင်း TNLA ပူးပါင်းတပ်ဖွဲ့များက မိုးကုတ်အရှေ့ပိုင်းရှိ ရေကန်တောင်စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်းနှင့် လက်နက်ခဲယမ်းအချို့တို့ ကို သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။
ထို့ပြင် ယခုအခါတွင် မိုးကုတ်မြို့ မြို့မရဲစခန်း၊ ဗျူဟာကုန်း၊ အချုပ်ထောင်ရဲစခန်းများ အနီးတွင် ပစ်ခတ်မှုများဖြစ်ပွားနေပြီး ရဲစခန်းများ ဝင်စီးခံရသည့်အနေအထားရှိကြောင်း ဒေသခံများက ဆိုသည်။
ယနေ့ မိုးကုတ်အရှေ့ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြာင့် ဒေသခံ ကိုး ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း TNLA ကထုတ်ပြန်ထားကာ မြေပြင်အခြေအနေတွင်မူ အရပ်သား ၁၀ ဦးနှင့် အထက် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – TNLA
#TNLA #မိုးကုတ်ဗျူဟာPDF #မိုးကုတ် #တိုက်ပွဲဖြစ်ပွား #စခန်းသိမ်း #လက်နက်ခဲယမ်းရ #Ayeyarwaddy_Times