ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်
ဇူလိုင်လ ၁၆ ရက်က ဗန်ကောက်မြို့လယ်ရှိ ဇိမ်ခံဟိုတယ်တစ်လုံးရဲ့ အခန်းတစ်ခန်းအတွင်း တွေ့ရှိခဲ့တဲ့ အလောင်းခြောက်လောင်းဟာ နိုင်ငံခြားသားတွေဖြစ်ပြီး ၎င်းတို့ဟာ ဆိုင်ယာနိုက်အဆိပ် ကြောင့် သေဆုံးခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၃၀ အရွယ်မှ ၅၀ အရွယ်ရှိ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးဖြစ် ပြီး နှစ်ဦးဟာ အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူဖြစ်ပါတယ်။
ကော်ဖီခွက် ၆ ခွက်နဲ့ သေဆုံးသူအမျိုးသားတစ်ဦးထံမှ ရယူခဲ့တဲ့ သွေးနမူနာထဲမှာ ဆိုင်ယာနိုက် အဆိပ် တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါ တယ်။
အလောင်းတွေမှာ ထင်ရှားတဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ ထိုးကြိတ်သတ်ပုတ်ထားတဲ့ လက္ခဏာတွေ မတွေ့ရဘူးလို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
ခြောက်ဦးစလုံးက အဆိပ်ခပ်သတ်ဖြတ်ခံရဖွယ်ရှိကြောင်း၊ သတ်ဖြတ်မှုမှာ တတိယအဖွဲ့အစည်း ပါဝင်တဲ့ အထောက်အထားမတွေ့ရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆိုင်ခန်းတွေ၊ ရုံးခန်းတွေ ပြည့်နှက်နေတဲ့ ဗန်ကောက်မြို့တော်ရှိ နာမည်ကျော် ခရီးသွားလုပ်ငန်း ခရိုင်တစ်ခုမှာ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
အမှုနဲ့ပတ်သက်လို့ အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – NHK
Ref; Thai police: Cyanide likely killed 6 foreigners in Bangkok hotel
#Ayeyarwaddy_Times