
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်
ထိုင်ဝမ်ကျွန်းက ကာကွယ်ရေးအတွက် ပိုမို အကုန်အကျခံသင့်တယ်ဆိုတဲ့ အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်စကားကို ထိုင်ဝမ်ဝန်ကြီးချုပ် ချိုဂျန်တိုင်က တုံ့ပြန်ခဲ့ပြီး ထိုင်ဝမ်က တာဝန်ဝတ္တရားကို ပိုမို မျှခံဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။
ထိုင်ဝမ်ကျွန်းက ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်သုံးစွဲဖို့ သံန္နိဌာန်ချထားတယ်လို့ ချိုဂျန် တိုင်က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
“ထိုင်ဝမ်က ကာကွယ်ရေးဘတ်ဂျက်ကို ပုံမှန် တိုးမြှင့်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အဖွဲ့ဝင် တစ်နိုင်ငံအဖြစ် ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားကို ထုတ်ဖော်ပြသဖို့ စစ်မှုထမ်း တာဝန်ထမ်းဆောင်တဲ့ ကာလကို ညှိနှိုင်းခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
ထိုင်ဝမ်ရေလက်ကြား၊ အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးနဲ့ပတ်သက်လို့ ထိုင်ဝမ်က တာဝန်ဝတ္တရား တွေ ပိုမို မျှခံလိုတယ်လို့ ၎င်းက ဆိုပါတယ်။
“ထိုင်ဝမ်ကို ကာကွယ်ပေးတဲ့အတွက် ထိုင်ဝမ်က ကျွန်တော်တို့ကို ပိုမို အကုန်အကျခံသင့်တယ်” လို့ Bloomberg Businessweek နဲ့ အင်တာဗျူးတစ်ခုမှာ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ရဲ့ အရေးပါဆုံး နိုင်ငံတကာထောက်ခံသူ၊ စစ်လက်နက်ပံ့ပိုးသူဖြစ် ပေမယ့် နှစ်နိုင်ငံစလုံးက တရားဝင် သံတမန်ဆက်ဆံရေး မရှိပါဘူး။ အမေရိကန်နိုင်ငံက ၁၉၇၉ ခုနှစ် ထိုင်ဝမ်ဆက်ဆံရေးအက်ဉပဒေအရ ထိုင်ဝမ်ကို ကာကွယ်ပေးရပါတယ်။
ထိုင်ဝမ်ဟာ ၁၉၄၉ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်တဲ့ ကျွန်းနိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ တ ရုတ်က ထိုင်ဝမ်ကို လက်အောက်ခံဒေသတစ်ခုအဖြစ် ရှုမြင်ပြီး စစ်ရေးဖိအားတွေ ပိုပေးလာခဲ့ပါတယ်။
ကိုးကား – VOA
Ref; Taiwan’s premier responds to Trump remark island should pay for defense
#Ayeyarwaddy_Times