
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်
လာမည့် အာဇာနည်နေ့ ၇၇ နှစ်မြောက်ကျင်းပရာ ရန်ကုန်မြို့ သိမ်ဖြူလမ်းပေါ်ရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) သို့ အအေးမိရောဂါ လက္ခာရှိသူအပါအဝင် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများ လုံးဝ ( လုံးဝ) လာရောက်ခြင်းမပြုရန် စစ်ကောင်စီကြေညာချက်ထုတ်ပြန်သည်။
ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းစသည့် ရောဂါလက္ခဏာများအပါအဝင် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများလုံးဝ ( လုံးဝ) လာရောက်ခြင်းမပြုရန် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့ပြင် ကိုဗစ် ၁၉ စည်းကမ်းသတ်မှတ်ချက်များလိုက်နာရမည်ဖြစ်ပြီး နှာခေါင်းစည်း (Mask) များတပ်ဆင်ရန်၊လက်ဆေးခြင်း နှင့် Hand Sanitizer လိမ်းချယ်ရမည်ဖြစ်ကြောင်းသိရသည်။
ယင်းပြင် အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) သို့ လာရောက်မည့်သူများ စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ နေရပ်လိပ်စာများဖြည့်ရမည်ဖြစ်ကာ ကိုယ်ရေးအချက် အလက် စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြားတစ်ခုခုယူဆောင်လာရမည်ဟု စစ်ကောင်စီက ဆိုထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ-ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံးကို တွေ့ရစဉ်
#အာဇာနည်နေ့ #၇၇နှစ်ပြည့် #အတွင်းဝန်ရုံး #အအေးမိရောဂါလက္ခာရှိသူ #သက်ကြီးရွယ်အိုများ #Ayeyarwaddy_Times