ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းဗုံးကြဲ တိုက်ခိုက်သည့်အတွက် အရပ်သားတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းအပါဝင် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားကြောင့် ဒေသခံများထံက သိရသည်။

မင်းတပ်မြို့နယ် တိုက်နယ် ၁၂ ဘက်ရှိ ဘောင်ကျေးရွာကို စစ်ကောင်စီမှ ယမန်နေ့ ဇူလိုင်လ ၁၇ ရက် ညနေ ၁၂ နာရီဝန်းကျင်တွင် မကွေးလေတပ်မှ MIG – 29 ဂျက်ဖိုက်တာဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မနေ့ညက ရွာသားတွေ အိပ်မောကျနေချိန် စစ်ကောင်စီကလေကြာင်းဗုံးကြဲသွားတာဖြစ်ပါတယ်။ အသက် ၂၀ ကျော် လူငယ်တစ်ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်။ ဘုန်းကြီးတစ်ကျောင်းလည်း ပျက်စီးသွားလို အရပ်သားအိမ်အချို့လည်း ပျက်စီးသွားပါတယ်။ ရွာဘက်မှာ ဘာတိုက်ပွဲမှမရှိဘူး။ အရပ်သားပြည်သူတွေဘဲ နေကြတာဖြစ်တယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ မင်းတပ်အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းကလည်း ယမန်နေ့ညနေ ၆ နာရီအချိန်မှ ညနေ ၈ နာရီအချိန်ထိမင်းတပ်အနောက်ဘက်ခြမ်း တိုက်နယ် (၃) ၊ တိုက်နယ် (၂) နှင့်မင်းတပ်-ယောအစပ်နေရာများကို ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင့် သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့သည် မြို့တွင်းရှိ အရပ်သားနေအိမ်များကို ယခုရက်ပိုင်းတွင်း ခိုးယူဖောက်တွင်းမူများ ပိုလုပ်ဆောင်နေကြောင့် ဒေသခံများထံက သိရသည်။

“စစ်သားတွေ၊ ရဲတွေ ကင်းလှည့်တာကို အကြောင်းပြပြီး စစ်ဘေးရှောင်တဲ့ အရပ်သားနေအိမ်တွေကို ပေါ်တင်ကြီး ခိုးနေကြတယ်။ အခုရက်ပိုင်း လူလည်းမရှိတာကြောင့် ခိုးတာတွေ ပိုဆိုးလာတယ်။ သော့တွေရိုက်ခွဲပစ္စည်းတွေ ကားပေါ်တင် တစ်အိမ်ပြီး တစ်အိမ် တက်လိုက်ဆင်းလိုက် လုပ်နေကြတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြို့သိမ်း တိုက်ပွဲသတင်းများကြောင့် မင်းတပ်မြိုခံ အားလုံးနီးပါးသည် ပြီးခဲ့သည့် ဇွန်လ ​ပထမအပတ်ကစ၍ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပုံစာ- ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ပျက်စီးသွားသည့် မင်းတပ် စစ်ဘေးရှောင် နေအိမ်များကို တွေ့ရစဥ်။(ပုံအဟောင်း)
#မင်းတပ်မြို့နယ် #လေကြောင်းဗုံးကြဲ #အရပ်သားတစ်ဦးသေဆုံးပြီး #ဘုန်းကြီးကျောင်း #နေအိမ်အချို့ပျက်စီး #Ayeyarwaddy_Times