
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်
ပြည်တွင်းစစ်ကြောင့် ကုန်းလမ်းကြောင်းတွေကို အသုံးပြုမယ့်အစား ကုန်ပစ္စည်းတွေကို ရေ လမ်းကြောင်းမှတင်ပို့တဲ့ မြန်မာနိုင်ငံရဲ့လုပ်ရပ်ကြောင့် ထိုင်းအစိုးရရဲ့ Land Bridge စီမံကိန်းကို အကျိုး ဖြစ်ထွန်းစေမယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မာနာပွန်ချာရွန်ဆရီက ပြောပါ တယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာကြောင့် ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေ တယ်လို့ သူက ဆိုပါတယ်။
ပြည်တွင်းစစ်ကြောင့် မြန်မာလုပ်ငန်းရှင်တွေဟာ ကုန်စည်တွေကို မဲဆောက်ခရိုင်ရှိ ကုန်းလမ်း ကြောင်းမှတစ်ဆင့် ထရပ်ကားတွေနဲ့ တင်ပို့မယ့်အစား ရနောင်းဆိပ်ကမ်းမှတစ်ဆင့် ရေယာဉ်တွေနဲ့ ပို့ ဆောင်နေတယ်လို့ ၎င်းက ပြောပါတယ်။
မြန်မာနိုင်ငံမှ ဝင်ရောက်လာမယ့် ကုန်စည်တွေအတွက် အဆောက်အအုံတွေ၊ ဝန်ထမ်းတွေ အ ဆင်သင့်ဖြစ်ဖို့ သူ ထိုင်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (PAT) ကို ညွှန်ကြားခဲ့ပါတယ်။
“ဒါဟာ ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်ကနေတစ်ဆင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလမ်း ကြောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ကျွန်မတို့အတွက် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ထိုင်းပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်ကို ချိတ်ဆက်ပေးသော တံတားတစ်စင်းတည်ဆောက် မယ့် ထိုင်းအစိုးရရဲ့ Land Bridge စီမံကိန်းကိုလည်း အကျိုးဖြစ်စေမယ်လို့ သူက ဆက်ပြောပါတယ်။
Land Bridge စီမံကိန်းဟာ လယ်ယာထုတ်ကုန်၊ ကောက်ပဲသီးနှံ၊ တိရစ္ဆာန်နဲ့ တောင်ပိုင်းဒေသရှိ လယ်သမားဈေးကွက်တွေကို မြှင့်တင်ပေးကာ ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှုတွေ ဆွဲဆောင်ပြီး ဒေသရဲ့ GDP ကို ၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးလာစေမယ်လို့ သူက ရှင်းပြပါတယ်။
ဇူလိုင်လ ၅ ရက်နဲ့ ၈ ရက်မှာ မြန်မာနိုင်ငံမှ ပထမဆုံး ကုန်တင်သင်္ဘောတွေ ရနောင်းဆိပ်ကမ်း ကို ရောက်ရှိခဲ့တယ်လို့ ထိုင်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (PAT) ညွှန်ကြားရေးမှူးချုပ် ကရီယန်ကရိုင်က ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Myanmar strife spurs Ranong Port uptick
#Ayeyarwaddy_Times