ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတ မြို့နှင့်ဇလွန်မြို့တို့တွင် ဇူလိုင်လ ၁၆ရက်နေ့ကစတင်ပြီးဧရာ၀တီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်လာပြီးရေ၀င်ရောက်လာသောကြောင့် လူနေအိမ်အချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥဦးစီးဌာနမှသိရသည်။

“ဟင်္သာတမှာက ဖောင်ဆိပ်ကျေးရွာနဲ့ ဇလွန်မှာက ဆန်တန်းရပ်ကွက် တစ်ခုလုံး ရေမြုပ်နေတဲ့အတွက် ဘေးလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရတာပါ” ဟုတိုင်းဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ၀န်ထမ်းတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဟင်္သာတမြို့နယ်ရှိ အိပ်ပျက်ရေကာတာတွင် ဧရာ၀တီမြစ်ရေ တိုးမြင့်လာပြီး ရေကာတာကျိုးပေါက် နိုင်သည့်အတွက် အရေးပေါ် တာဘောင်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေရကြောင်းသိရသည်။

“မနှစ်က အဲ့ဒီရေကာတာ ကျိုးခဲ့တုန်းနေအိမ်၂၀၀ လောက် ရေဘေးဒုက္ခရောက်ခဲ့သေးတယ် ၊ ခုက ရေကမနှစ်ကထက်ပိုများလာတော့ ကြိုတင်ရွှေ့ထားကြတဲ့လူများတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာဝတီမြစ်ရေသည်ဧရာဝတီတိုင်းအတွင်းရှိ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့နယ်များတွင် ဇူလိုင်လ ၁၅ ရက်ကစတင်ပြီးစိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

#င်္ဟသာတ #ဇလွန်မြို့ #ဧရာ၀တီမြစ် #ကျေးရွာ #ရပ်ကွက် #ရွှေ့ပြောင်း #Ayeyarwaddy_Times