ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

ဧရာ၀တီမြစ်ရေမြင့်တက်နေသည့်အတွက်ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ကျောင်းများယာယီပိတ်ထားရကြောင်း သတင်းရရှိသည်။

မြန်အောင် မြို့နယ်တွင် ဇူလိူင်လ ၁၅ရက်နေ့ကစတင်ပြီး ဧရာ၀တီမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လွန်လာပြီး စာသင်ကျောင်းအချို့ရေ၀င်ရောက်လာသောကြောင့် ကျောင်းယာယီပိတ်ထားရကြောင်း ဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှသိရှိရသည်။

ဇလွန်မြို့နယ်တွင်လည်း ဧရာ၀တီမြစ်ရေ မြင့်တက်လာပြီးကျောင်းကိုရေမြုပ်သောကြောင့် အ.မ.က ကျွန်းသာယာပေါ်သစ်သောင် ၊ အ.မ.ကရွှေကျွန်းသာ ၊ နန်းတော်ကျွန်းကျေးရွာအုပ်စု မူလွန်ဌက်ပျောတော ကျောင်းများကို ခုနှစ်ရက်ခန့်ယာယီပိတ်သိမ်းလိုက်ရကြောင်း သိရှိရသည်။

“လောလောဆယ်တော့ ဇူလိူင် ၂၀ရက်နေ့လောက်ထိ ပိတ်ပေးထားတယ် မြစ်ရေပြန်ကျသွားရင်တော့ပညာရေးဌာနနဲ့တိုင်ပင်ပြီး ပြန်ဖွင့်ပေးမယ် “ဟု တိုင်းဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၀န်ထမ်းတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်း၊ဟင်္သာတခရိုင်အတွင်းမြို့နယ်တစ်ချို့တွင်ဧရာ၀တီမြစ်ရေ မြင့်တက်လာပြီး မြစ်ကမ်းဘေးကျေးရွာတစ်ချို့ရေနစ်မြုပ်မှုများရှိနေသောကြောင့် ကျေးရွာဘုန်းကြီးကျောင်းနှင့်ဓမ္မာရုံများတွင် ရွှေ့ပြောင်းနေထိုင်မှုများရှိနေကြောင်းသိရသည်။

ဧရာဝတီမြစ်ရေသည် ဧရာဝတီတိုင်းအတွင်းရှိ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့နယ်များတွင် ဇူလိူင်လ ၁၅ ရက်ကစတင်ပြီး လာမည့်တစ်ရက်အတွင်း တစ်ပေခန့်မြင့်တက်နိုင်ကာ စိုးရိမ် ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်းစစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

#ဧရာ၀တီမြစ်ရေမြင့်တက် #စာသင်ကျောင်းများ #ယာယီပိတ် #Ayeyarwaddy_Times