
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
ပြည်တွင်း၊ပြည်ပအဖွဲ့အစည်း ၂၄၀ က မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ် ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
ဥရောပသမဂ္ဂက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်မှာ MOGE ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ရာ စစ် ကောင်စီရဲ့ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မှု ဒေါ်လာ သန်း ၅၀၀ ကို ဖြတ်တောက်ခဲ့တယ်လို့ Burma Campaign UK က ပြောပါတယ်။
အမေရိကန်နိုင်ငံက စစ်ကောင်စီထိန်းချုပ်ထားတဲ့ MOGE ဘဏ်အကောင့်တွေထံ လစဉ် ဒေါ် လာသန်းချီတဲ့ ငွေကြေးတွေ ပေးချေနေတဲ့ MOGE နဲ့ ထိုင်းနိုင်ငံပိုင် PTT Group ကို တစ်စိတ်တစ်ပိုင်း ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။
မြန်မာနိုင်ငံပိုင်ဘဏ်တွေ၊ ဓာတ်ငွေ့ကဏ္ဍနဲ့ လေယာဉ်ဆီတင်သွင်းသူတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ရေး ညှိနှိုင်းဆောင်ရွက်ရာမှာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူရဲ့ အကြံပြုချက် တွေကို လိုက်နာဖို့ Burma Campaign UK က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုပါတယ်။
PTT Group နဲ့ ထိုင်းဘဏ်တွေကို မြန်မာစစ်ကောင်စီကို ပံ့ပိုးကူညီခွင့်ပြုတဲ့ ထိုင်းအစိုးရရဲ့မူဝါဒ ကို ဖြေရှင်းဖို့ Burma Campaign UK က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံတကာငွေကြေးဝန်ဆောင်မှုနဲ့ ဓာတ်ငွေ့ဝင်ငွေရရှိမှုကို ဖြတ်တောက်ပြီး စစ် လက်နက်နဲ့ လေယာဉ်ဆီရရှိမှုကို မကူညီဖို့ ဘဏ်တွေကို အရေးယူတဲ့ စင်ကာပူရဲ့လုပ်ဆောင်ချက်အ တိုင်း ဆောင်ရွက်ဖို့ Burma Campaign UK က ထိုင်းအစိုးရကို တောင်းဆိုပါတယ်။
မြန်မာစစ်ကောင်စီကို ပံ့ပိုးတဲ့ ငွေကြေးလွှဲပြောင်းမှုအားလုံး ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူ့အခွင့်အရေး အခြေခံစည်းမျဉ်းတွေကို လိုက်နာစောင့်ထိန်းဖို့ Burma Campaign UK က ထိုင်းဘဏ် တွေကို တောင်းဆိုပါတယ်။
မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ထိုင်းအတိုက်အခံပါတီ MFP တို့ရဲ့ တောင်းဆိုချက်တွေနဲ့အညီ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဓာတ်ငွေ့ဝင်ငွေတွေ ကို စစ်ကောင်စီထံ လွှဲပြောင်းပေတာ အဆုံးသတ်ဖို့ Burma Campaign UK က PTT Group ကို တောင်း ဆိုပါတယ်။
ကိုးကား – Burma Campaign UK
Ref; Joint Statement calling for sanctions on the Myanma Economic Bank and Myanma Oil and Gas Enterprise
#Ayeyarwaddy_Times