ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်
ဇူလိုင်လ ၁၃ ရက်က အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ် ဖြတ်ဖို့ ကြိုးပမ်းမှုမှာ လက်ရှိ အမေရိကန်အစိုးရက တာဝန်မရှိပေမယ့် တိုက်ခိုက်မှုကို တွန်းပို့ပေးတဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးခဲ့တယ်လို့ ရုရှားသမ္မတရုံးက ဇူလိုင်လ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ပင်ဆီဗေးနီးယားပြည်နယ်မှာပြုလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲတစ်ခုအတွင်း ပစ် ခတ်ခံခဲ့ရလို့ နားရွက်မှာ သွေးစွန်းခဲ့တာကြောင့် အဆိုပါတိုက်ခိုက်မှုကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုအ ဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။
“ဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကို လက်ရှိ အမေရိကန် အာဏာပိုင်တွေက စီ စဉ်ခဲ့တာမဟုတ်ဖူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ် ကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အမေရိကမှာ ထိုသို့သော အကြမ်းဖက်မှုအတွက် နေရာမရှိဘူးလို့ ပြောပါတယ်။
နိုင်ငံရေးတိုက်ပွဲကြောင့်ဖြစ်ပွားတဲ့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို ရုရှားနိုင်ငံက ရှုတ်ချတယ် လို့ ဒီမီထရီပက်ရှ်ကော့ဗ်က ဆိုပါတယ်။
လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒေါ်နယ်ထရမ့်ထံ ဖုန်းခေါ်ဖို့ အစီအစဉ်မရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး နိုင်ငံရေးအကြမ်းဖက်မှုကို ဆန့်ကျင်ခဲ့ပြီး ဒေါ်နယ်ထရမ့် အမြန်ဆုံး ပြန်လည်သက်သာဖို့ ဆုတောင်းပေး ခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်ကြောင့် အမေရိကန်နိုင်ငံက ယူကရိန်းစစ်တပ်သို့ ငွေကြေးထောက်ပံ့တာ ရပ် ဆိုင်းဖို့နဲ့ ပြည်တွင်း တရားဥပဒေစိုးမိုးမှုအခြေအနေ တိုးတက်လာအောင် လုပ်ဆောင်ဖို့ ရုရှား နိုင်ငံခြား ရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်အပေါ် တိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံရဲ့ လာမယ့်ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိ မရှိ မေးမြန်းရာမှာ “ဒါက ကျွန်တော်တို့ ဆုံးဖြတ်ရမှာမဟုတ်ဖူး။ ကျွန်တော်တို့ အမေရိ ကန်ပြည်တွင်းရေးမှာ ဝင်စွက်ဖက်ဖို့ဆန္ဒမရှိဘူး။ ဒါက အမေရိကန်ရဲ့ပြဿနာဖြစ်ပါတယ်” လို့ ဒီမီထရီ ပက်ရှ်ကော့ဗ်က ပြောပါတယ်။
ကိုးကား – Reuters
Ref; Russia accuses Biden administration of creating atmosphere for attack on Trump
#Ayeyarwaddy_Times