ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

ချက်သမ္မတ ပီတာပါဗက်က ယူကရိန်းနိုင်ငံသို့ အမြောက်ကျည်ဆံတွေ ပေးပို့မှုနဲ့ပတ်သက်လို့ အ သေးစိတ်အစီအစဉ်တွေကို ထုတ်ဖော်ပြောခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းဟာ ယခုလနဲ့ လာမယ့်လအတွင်း ချက်သမ္မတနိုင်ငံမှ အမြောက်ကျည် ၅၀၀၀၀ ရရှိ မယ်လို့ ၎င်းက အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့မှာပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောပါတယ်။

ယခုနှစ် စက်တင်ဘာလမှစတင်ကာ ချက်သမ္မတနိုင်ငံက ယူကရိန်းနိုင်ငံသို့ အမြောက်ကျည်ဆံ ၈၀၀၀၀ မှ ၁၀၀၀၀၀ ကြား လစဉ် ပေးပို့မယ်လို့ သူက ဆိုပါတယ်။

ပထမအသုတ် အမြောက်ကျည်ဆံတွေ ယူကရိန်းသို့ ရောက်ရှိခဲ့ပြီလို့ ချက်ဝန်ကြီးချုပ် ပီတာဖီ ယာလာက ဇွန်လနှောင်းပိုင်းမှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီးနောက် သူက အခုလို ကြေညာခဲ့တာ ပါ။

ကနဦးအနေနဲ့ ချက်သမ္မတနိုင်ငံက ယူကရိန်းသို့ အမြောက်ကျည် ၅၀၀၀၀ ပေးပို့ကာ ဒီနှစ်အလ တွင်း အမြောက်ကျည်ဆံ ၅၀၀၀၀၀ အထိ ထောက်ပံ့ဖို့ ရည်မှန်းထားတယ်လို့ ကာကွယ်ရေးဝန်ကြီး ဂျာ နာဆာနိုချိုဗာက ပြောပါတယ်။

ပထမအဆင့်ဖြစ်တဲ့ အမြောက်ကျည်ဆံ ၁၈၀၀၀၀ ကို ဂျာမနီနိုင်ငံရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ ယူကရိန်း သို့ ပေးပို့ခဲ့တာလို့ သိရပါတယ်။

ချက်သမ္မတနိုင်ငံဟာ ယူကရိန်းစစ်တပ်သို့ အမြောက်ကျည် ၅၀၀၀၀ မှ ၁၀၀၀၀၀ အထိ လစဉ် ထောက်ပံ့ပေးပို့ ရည်ရွယ်ကာ ရုရှားနဲ့ ပဋိပက္ခဖြစ်ပွားနေစဉ် ယူကရိန်းရဲ့ လက်နက်ကြီးစွမ်းရည်ကို မြှင့် တင်ပေးတာဖြစ်ပါတယ်။

ဒါဟာ ယူကရိန်းရဲ့ ကာကွယ်ရေးလိုအပ်ချက်ကို ပံ့ပိုးကူညီမယ့် ချက်သမ္မတနိုင်ငံရဲ့ ကတိကဝတ် ဖြစ်သလို ယူကရိန်းသို့ စစ်ရေးအကူအညီ ထောက်ပံ့ရာမှာ စဉ်ဆက်မပြတ်သော နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မီးမောင်းထိုးပြတာဖြစ်ပါတယ်။

ကိုးကား – Euromaidan Press
Ref; Czech Republic to supply up to 100,000 shells monthly to Ukraine, says President Pavel

#Ayeyarwaddy_Times