
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်
လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် မုတ်သုံလေအားကြောင်းမှုကြောင့် လာမည့် ၂ရက်အတွင်း တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးပိုနေမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဇူလိုင် ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်း (ဩရိဿတောင်ပိုင်းကမ်းလွန်)တို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နေကြောင်း သိရသည်။
ယင်းအရှိန်ကြောင့် လာမည့် ၂ ရက်အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းအပါအဝင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ကြောင်းသိရသည်။
ထို့ပြင် မိုးပိုနေသည့် ဧရာဝတီတိုင်းတွင် ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေကြီးနိုင်သဖြင့် ယင်းဒေသတွင် နေသူများ သတိပြုနေထိုင်ရမည်ဖြစ်ကြောင်းသိရသည်။
ယင်းပြင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိကာ မိုးကြိုပစ်ခြင်း၊ လျှပ်စီးလျပ်ခြင်းတို့ဖြစ်ပေါ်နိုင်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက် လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေ မှ ၁၃ ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလက ယနေ့ ဇူလိုင် ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ဓာတ်ပုံ – မိုးဇလ၊ ဧရာဝတီတိုင်းမ်
#ရန်ကုန် #ဧရာဝတီမိုးပိုမည် #လေဖိအားနည်းရပ်ဝန်းဖြစ် #မုတ်သုံအားကောင်း
#Ayeyarwaddy_Times