
(မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေမှ ထိန်းသိမ်းခံ အိန္ဒိယနိုင်ငံသားတွေကို စောလျင်စွာ နေရပ်ပြန်ပို့ဖို့ တောင်းဆို)
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်
မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေရဲ့ ဥပဒေမဲ့ ထိန်းသိမ်းခံထားရသော အိန္ဒိယနိုင်ငံသားတွေ စောလျင်စွာ လွတ်မြောက်ရေးလုပ်ဆောင်ဖို့ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းပြုလုပ်ခဲ့တဲ့ ဘင်းစတက်ခ်အဖွဲ့ နိုင် ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဂျိုင်ရှန်ကာက မြန်မာစစ်ကောင်စီဝန်ကြီးကို တွေ့ဆုံချိန်မှာ အခု လို တောင်းဆိုလိုက်တာပါ။
“မြန်မာစစ်ကောင်စီဝန်ကြီး ဉီးသန်းဆွေနဲ့တွေ့ဆုံကာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ စစ်ဘေး ရှောင်တွေ ဝင်ရောက်မှု၊ သောင်းကျန်းသူအဖွဲ့တွေရဲ့ တရားမဝင် မူးယစ်ဆေးဝါးနဲ့ လက်နက်ကုန်သွယ်မှု ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်” လို့ ၎င်းက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် အိန္ဒိယနိုင်ငံရဲ့ ကတိက ဝတ်ကိုလည်း သူက ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
“အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းမှုကို ထောက်ခံပြီး သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံပါတယ်။
အိန္ဒိယနိုင်ငံက ဒေသတွင်း ဒီမိုကရေစီ အခြေခံစည်း မျဉ်းတွေ မြှင့်တင်ရေးမှာ တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ တရားမဝင် ထိန်းသိမ်းမှုခံနေရတဲ့ အိန္ဒိယနိုင်ငံသား တွေအတွက် စိုးရိမ်မိတယ်လို့ ၎င်းက ပြောပါတယ်။
“တရားမဝင် ထိန်းသိမ်းခံထားရတဲ့ အိန္ဒိယနိုင်ငံသားတွေကို စောလျင်စွာ နေရပ်ပြန်ပို့ဖို့ အပြင်း အထန် တိုက်တွန်းခဲ့ပါတယ်” သူက ဆိုပါတယ်။
ကိုးကား – ANI News
Ref; Jaishankar presses Myanmar counterpart for return of unlawfully detained Indians; discusses insurgency
#Ayeyarwaddy_Times