ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်

မြေပြိုကျမှုကြောင့် ဘတ်စ်ကားနှစ်စင်း တောင်ကုန်းထူထပ်တဲ့ ဧရိယာတစ်ခုရှိ မြစ်တစ်စင်းအ တွင်း မျောပါသွားခဲ့ရာ လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်း နီပေါရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါဘတ်စ်ကားတွေဟာ သောကြာနေ့အစောပိုင်းက ခတ္တမန္ဒူမြို့တော်မှ ကီလိုမီတာ ၁၀၀ ခန့်အကွာ မြစ်ကြောင်းတစ်လျောက် မောင်းနှင်ခဲ့တာလို့ သိရပါတယ်။

နီပေါရဲတပ်ဖွဲ့နဲ့စစ်တပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ဘတ်စ်ကားအပြင် ဘက် ခုန်ထွက်ကာ မြစ်ကမ်းသို့ ရေကူးနိုင်ခဲ့သူ ၃ ဦးအသက်ရှင်ခဲ့ပါတယ်။

မိုးရာသီရဲ့အလယ်ဖြစ်တဲ့ လက်ရှိကာလမှာ နီပေါနိုင်ငံရှိ တောင်ကုန်းထူထပ်ရာဒေသတွေမှာ မြေ ပြိုမှုတွေ၊ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကြာသပတေးနဲ့ သောကြာနေ့မှာ နီပေါနိုင်ငံတစ်ဝှမ်း မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ နေထိုင်ကြ၊ သဘာဝဘေးအန္တရာယ်တွေကို သတိထားကြဖို့ နီ ပေါအာဏာပိုင်တွေက တိုက်တွန်းနေကြပါတယ်။

ကိုးကား – NHK
Ref; Over 50 missing after Nepal landslide sweeps buses into river

#Ayeyarwaddy_Times