
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်
စနေနေ့က ပင်ဆီဗေးနီးယားပြည်နယ်မှာပြုလုပ်တဲ့ လူစုဝေးပွဲတစ်ခုမှာ အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောကြားနေစဉ် သေနတ်ပစ်ခတ်သံတွေကို ကြားခဲ့ရတယ်လို့ သိရပါ တယ်။
ဒေါ်နယ်ထရမ့် ဘေးကင်းတယ်လို့ အမေရိကန် ထောက်လှမ်းရေးဌာနက ပြောကြားပြီး သံသယ ဖြစ်ဖွယ်ရာ သေနတ်သမားနဲ့ အခမ်းအနားတက်ရောက်သူတစ်ဉီးတို့ သေဆုံးခဲ့တယ်လို့ မီဒီယာသတင်း တွေက ဖော်ပြပါတယ်။
NHK သတင်းထောက်တစ်ဦးက လူစုဝေးပွဲအခမ်းအနားမှာ ရုပ်သံကင်မရာတွေအတွက် တည် ဆောက်ထားတဲ့ စတိတ်စင်တစ်ခုမှ ရုပ်ကဒ်တွေကို ရိုက်ကူးယူခဲ့ပါတယ်။
ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောကြားနေစဉ် ဆယ်မိနစ်ခန့်အကြာမှာ သေနတ်ပစ်ခတ်သံ ၁၀ ချက် ခန့်ကို ဆက်တိုက် ကြားခဲ့ရပါတယ်။
အမေရိကန် ထောက်လှမ်းရေးစုံထောက်တွေက စတိတ်စင်ပေါ်သို့တက်လာတဲ့ ညာဘက်နား ရွက်နားမှာ သွေးထွက်နေသော ဒေါ်နယ်ထရမ့်ထံ ပြေးလွှားသွားတာကို NHK သတင်းထောက်က မြင် တွေ့ခဲ့ပါတယ်။
ရုပ်သံဗွီဒီယိုင်ထဲမှာ ဒေါ်နယ်ထရမ့်က စတိတ်စင်ပေါ်မှ ထွက်ခွာစဉ် လက်သီးစုပ်ပီး မြှောက်ပြ တာကို မြင်တွေ့နိုင်ပြီး ညာဘက်နားရွက်နားမှာ သွေးတွေစီးကျနေတာကို မြင်တွေ့နိုင်ပါတယ်။
ကိုးကား – NHK
Ref; US Secret Service says Trump is safe, reports say the suspected shooter is dead
#Ayeyarwaddy_Times