
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာတွင် စစ်ခေါင်း ဆောင်က ကာကွယ်ရေးဦးစီးချုပ် (ရေ) နေရာကို သုံး ဦး တိုင်အပြောင်းအလဲလုပ်ဆောင် ခန့်အပ်ခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးဦးစီးချုပ်(ရေ)အဖြစ် ၆ လသာ တာဝန် ထမ်းဆောင်ရသေးသည့် ဒုတိယ ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်ကို စစ်ခေါင်းဆောင်က ခေါ်ယူစစ်ဆေးမှုများပြု လုပ်နေပြီးနောက် ၎င်းနေရာတွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချူပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းကို အစားထိုးခန့်အပ်ထားကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
ယခု ဇူလိုင် ဒုတိယပတ်အတွင်းတွင် ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီးထိန်ဝင်းသည် စစ်တက္ကသိုလ်အပတ်စဉ် (DSA-29)ဆင်း ဖြစ်ပြီး ရခိုင်ရှိ မောရဝတီရေတပ်စခန်း ဌာနချုပ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရ သည်။
ယခင် ရေတပ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည့် ဒုဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်သည် နုတ်ထွက်စာတင်သည့်ကိစ္စဖြင့် ခေါ်ယူစစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ် နေသော်လည်း ရခိုင်ပြည်နယ်ရှိ ရေကြောင်းတိုက်ခိုက်မှုများတွင် မထိရောက်သည့် အခြေအနေနှင့် ရေတပ်စစ်သင်္ဘောများ ဆုံးရှုံးခဲ့ရသည့် အခြေအနေများနှင့်ပတ်သက်ပြီး စစ်ခေါင်း ဆောင်က ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။
ယခုတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခံရသည့်အပြင် ဒုဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်ကို စစ်ခေါင်းဆောင် က ထုတ်ပယ်လိုက်ပြီး ၎င်းနေရာတွင် အစားထိုးခန့် အပ်သည့် စစ်ဦးစီးချုပ်နာမည်ပါ သတင်းထွက်ပေါ် လာခြင်းဖြစ်သည်။
ထို့အပြင် ဇူလိုင် ၁၂ ရက်နေ့ကပြုလုပ်သည့် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် စသည့်ထိပ်ပိုင်းခေါင်းဆောင်များတက် ရောက်ခဲ့ကြပြီး ရေတပ်ဦးစီးချုပ် ဇွဲဝင်းမြင့်ကိုမူ မတွေ့ရှိရပေ။
အာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်းတွင် ရေတပ်စစ်ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယဗိုလ် ချုပ်ကြီး ဇွဲဝင်းမြင့်အထိ ၃ ဦးဆက်တိုက်ပြောင်းလဲ လန့်အပ်မှုများကို စစ်ခေါင်းဆောင်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီးတင်အောင်ဆန်းနှင့် မိုးအောင်တို့ကို စစ်ခေါင်းဆောင်က ၎င်း၏အကြံပေးအဖွဲ့များတွင် ပြန်လည်ခန့်အပ်ထားပြီး ဒုဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်ကို မူကို စစ်ဆေးနေဆဲဖြစ်၍ မည်သို့ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်းကိုမူ သိရှိရခြင်းမရှိပေ။
ပုံစာ-ရေတပ်စစ်ဦးစီးချုပ်ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီးထိန်ဝင်း
#စစ်ကောင်စီ #ရေတပ်စစ်ဦးစီးချုပ် #ဒုဗိုလ်ချုပ်ကြီးထိန်ဝင်း #အစားထိုးခန့်အပ် #Ayeyarawaddy_Times