ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်

ကော့ဘဇားခရိုင်ရှိ ပြွတ်သိပ်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေ နေရပ် ပြန်ပို့ရေး ကတိကဝတ်ကို လေးစားသမှုရှိဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာကို တိုက်တွန်းလိုက်ပါတယ်။

“ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး စတင်ချိန်မှာ အဲဒီကတိကဝတ်ကို မြန်မာနိုင်ငံကသာ စောင့် ထိန်းနိုင်ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်မာမွတ်က စစ်ကောင်စီခန့် နိုင်ငံခြား ရေးဝန်ကြီး ဦးသန်းဆွေကို ပြောပါတယ်။

ဘင်းစတက် (BIMSTEC) အစည်းအဝေးရဲ့ ဘေးပန်းအဖြစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကြာသပတေးနေ့က ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် တဲ့ ကြေညာချက်တစ်ရပ်က ဆိုပါတယ်။

မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ကတိပြုထားတဲ့အတိုင်း ရိုဟင်ဂျာတွေတွေ နေရပ်ပြန်ပို့ရေး အစီအ စဉ်တေွ စတင်မယ့်လက္ခဏာ မရှိဘူးလို့ ဟတ်ဆန်မာမွတ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ ရက်စက်သော နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အများစုကို ကော့ဘဇားခရိုင်မှာ နေထိုင်ကြပေမယ့် ၂၀၂၀ ပြည့်နှစ်နှောင်း ပိုင်းမှာ ဘာဆန်ရှားကျွန်းသို့ ပြန်လည်ရွှေ့ပြောင်းခဲ့ပါတယ်။

စစ်ကောင်စီဝန်ကြီး ဉီးသန်းဆွေက အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့ပြီး ရိုဟင်ဂျာတွေ နေရပ် ပြန်ပို့ရေးလုပ်ငန်းစဉ်ကို စတင်မယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

၎င်းတို့နှစ်ဦးဟာ ဇန်နဝါရီလအတွင်း ယူဂန္ဓာနိုင်ငံမှာကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာလည်း ရို ဟင်ဂျာအရေးကို ဆွေးနွေးခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; Top diplomats of Bangladesh, Myanmar discuss Rohingya repatriation

#Ayeyarwaddy_Times