
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
ထိုင်းဘဏ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတို့က ထိုင်းဘဏ်လုပ်ငန်း မှတစ်ဆင့် မြန်မာစစ်တပ် လက်နက်ဝယ်ယူတာကို တားဆီးမယ့်အစီအမံတွေကို စဉ်းစားနေတယ်လို့ ကု လသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ နိုင်ငံတကာဘဏ်လုပ်ငန်းမှတစ်ဆင့် မြန်မာစစ်တပ်အတွက် အဓိက စစ်လက် နက်ထောက်ပံ့သူ ဖြစ်လာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်ပြသူ တွမ်အန်ဒရူးက ပြီး ခဲ့တဲ့လအတွင်း အစီရင်ခံစာတစ်ခုမှာ ပြောပါတယ်။
မြန်မာစစ်ကောင်စီရဲ့ စစ်လက်နက်ဝယ်ယူမှုကို တားဆီးပေးရေး ပိုမို လုပ်ဆောင်ဖို့ ၎င်းက နိုင်ငံ တကာ ငွေကြေးအဖွဲ့အစည်းတွေကို တောင်းဆိုခဲ့ပါတယ်။
အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက်နဲ့အညီ မြန်မာစစ်ကောင်စီထံ စစ်လက်နက်တွေ ထောက် ပံ့တာကိုဖြတ်တောက်တာကို အရေးယူဖို့ ဒီသီတင်းပတ်အတွင်း ဗန်ကောက်မြို့မှာ ထိုင်းလွှတ်တော် လုံ ခြုံရေးကော်မတီကို မိန့်ခွန်းပြောကြားခဲ့တဲ့ တွမ်အန်ဒရူးက ပြောပါတယ်။
“မြန်မာနိုင်ငံသို့ စစ်လက်နက်တွေနဲ့ နည်းပညာတွေ လွှဲပြောင်းပေးတာကိုဆန့်ကျင်ရာမှာ ရှင်း လင်းပြတ်သားပြီး ခိုင်မာတဲ့ရပ်တည်ချက်ထားဖို့ လုံခြုံရေးကော်မတီနဲ့ ထိုင်းအစိုးရကို ကျွန်တော် တိုက် တွန်းပါတယ်” လို့ ၎င်းက လွှတ်တော်ကြားနာမှုမှာ ပြောကြားခဲ့ပါတယ်။
စင်ကာပူနိုင်ငံက မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ လွှဲပြောင်းပေးမှုကို ဆန့်ကျင်ရာမှာ ရှင်းလင်း ပြတ်သားသော မူဝါဒတစ်ရပ် ဖော်ဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံသို့ စစ်လက်နက်တင်ပို့မှုဟာ ဒေါ်လာ သန်း ၆၀ မှ ဒေါ်လာ သန်း ၁၃၀ အထိ တိုးလာခဲ့တယ်လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။
စင်ကာပူက လုပ်ဆောင်ခဲ့သလိုမျိုး စစ်လက်နက်လွှဲပြောင်းပေးတာတွေမှာ ငွေကြေးဝန်ဆောင်မှု ဆောင်ရွက်ပေးခဲ့တာကို စုံစမ်းစစ်ဆေးဖို့ တွမ်အန်ဒရူးက ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Benar News
Ref; Thailand considers action to stop Myanmar’s efforts to acquire weapons
#Ayeyarwaddy_Times