ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့တွင်စားသောက်ကုန်များ တင်ဆောင်ထားသော ပိုင်ရှင်မဲ့စက်လှေ တစ်စင်းအား ဇူလိုင်၁၂ ရက်က စစ်ကောင်စီတပ်မှ သိမ်းယူခဲ့ကြောင်း သိရသည်။
“ရခိုင်ဘက်ကို စားသောက်ကုန်တွေ ပို့ခွင့်ပိတ်ထားလို့ ဘိုကလေးဘက်က ပတ်ပို့ရင်း စစ်တပ်နဲ့တွေ့လို့ စက်လှေကိုထားခဲ့တာဖြစ်နိုင်တယ်။ မနေ့က စစ်တပ်က စက်လှေပေါ်ပါတာ အကုန်သယ်သွားပြီ”ဟု ဘိုကလေးမြို့ခံတစ်ဦးမှ ဧရာ၀တိီတိုင်းမ်ကိုပြောသည်။
အဆိုပါစက်လှေကို ဘိုကလေးမြို့နယ်၊ဂုံညင်းတန်းမြစ်အတွင်း ကျောက်ချထားသည်ကို စစ်ဆေးရာမှ စားသောက်ကုန်များ တင်ဆောင်လာသည်ကို တွေ့ရှိရပြီး စက်လှေ အတွင်း လုပ်သားများကိုမတွေ့ရှိရ၍ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းလာကြောင်းသိရသည်။
စက်လှေအတွင်းတွင် ကြက်သွန်နီအိတ် ၁၆၀၊ ခေါက်ဆွဲခြောက် ၁၈၄ဖာ၊ ဆေးပေါ့လိပ်အထုပ်ကြီး ၆၈ထုပ်၊ ကွမ်းစားဆေး၅၀ အိတ်၊ကော်ဖီမစ် ၃၀ဘုံး ၊ပဲမှုန့်အိတ် ၁၀အိတ်တို့ပါ၀င်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှသိရှိရသည်။
#ဘိုကလေးမြို့ #စားသောက်ကုန်များ #ပိုင်ရှင်မဲ့စက်လှေ #စစ်ကောင်စီ #သိမ်းဆည်း
#Ayeyarwaddy_Times