ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
မြန်မာ – အိန္ဒိယနယ်စပ် လောက်တလိုင်ခရိုင်ရှိ ပလက်ဝပညာရေးစင်တာကျောင်းတွင် ပညာသင်ယူနေကြသည့် စစ်ဘေးရှောင် ကျောင်းတွင် အကူညီများ လိုအပ်လျက်ရှိနေသေးကြောင်းကျောင်းတာဝန်ခံထံက သိရှိရသည်။
စစ်ဘေးရှောင် ကျောင်းသားများသည် စားရေးခုံ၊ စာရေးကိရိယာများနှင့် စာသင်ဆောင်များ လုံလောက်မူမရှိခြင်းနှင့် ကျောင်းဆရာ၊ ဆရာမများသည် ထောက်ပံ့ငွေ လစာခံစားခွင့်မရှိသည့်အတွက် စားဝတ်နေရေး အကူညီများလိုအပ်လျက်ရှိခြင်းဖြစ်သည်။
“ကျောင်းသားတွေက ပုံနှိပ်စာအုပ်တွေ၊ စာရေးကိရိယာတွေ ပြီးတော့ ကျောင်းသားဦးရေ များလာတဲ့အတွက် စာသင်ဆောင်တွေ လိုအပ်တယ်။ ကျောင်းဆရာ၊ဆရာမတွေအတွက် အဓိက အခက်ခဲဆုံးက အသုံးစရိတ်မပေးနိုင်တဲ့အတွက် စားဝတ်နေရေး အတော်အခက်ခဲဖြစ်တယ်”ဟု ကျောင်းတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကျောင်းသည် KG တန်းမှ ၁၂ တန်းအထိ ဖွင့်လှစ်ပြီး ကျောင်းသူ၊ကျောင်းသား ၄၅၀ ဦး တက်ရောက်ပညာသင်ယူကာ ကျောင်းဆရာ၊ဆရာမ ၂၉ ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပလက်ဝပညာရေးစင်တာကျောင်းသည် ပလက်ဝမြို့နယ်တွင် ကျောင်းသားဦးရေ အများဆုံးဖြစ်သလို့ ကျောင်သား အများပြား လာရောက်ပြီး ပညာသင်ယူနိုင်သည့် အထက်တန်းကျောင်းဖြစ်သည့်အတွက် ၎င်းကျောင်းရေရှည် ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့မူများ ပေးစေလိုကြောင့် ကျောင်းတာဝန်ခံက ဆက်ပြောသည်။
“လက်ရှိ ပလက်ဝမြို့နယ်မှာ ဒီကျောင်းက ကျောင်းသားတွေ၊ ဆရာတွေ အများဆုံးသင်ကြားတဲ့ ကျောင်းပါ။ ပလက်ဝမြို့နယ်က ကျောင်းသားတွေ အများဆုံးတက်ရောက်တဲ့ ကျောင်းလည်းဖြစ်တယ်။ ကျောင်းမှာ ချင်းနဲ့ ရခိုင်တွေ လာတက်ကြတယ်။ပညာရေးအပိုင်းမှာ ကျွမ်းကျင်ပြီး ဘွဲ့ရတဲ့ ဆရာတွေချည်းဖြစ်တဲ့အတွက် ကျောင်းသားတွေအတွက် ပညာအရည်ချင်းမြင့်မြင့် သင်ကြားပေးနိုင်တယ်။ နောင်ရေရှည် ကျောင်းဆက်လက်ရပ်တည်နိုင်ဖို့ အတွက် ပညာသင်ကြားစရိတ် အကူညီတွေပေးစေလိုပါတယ်” ဟု ကျောင်းတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကျောင်းကို ပလက်ဝမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေကြသည့် ကလေးလူငယ်များ ပညာသင်ယူခွင့် မရှုံးဆုံးစေရန်အတွက် မြို့နယ်ပညာရေးဘုတ်အဖွဲ့နှင့်အတူ ပလက်ဝပညာရေးစင်တာကျောင်းကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
မြန်မာ #အိန္ဒိယနယ်စပ်# မြန်မာစစ်ဘေးရှောင် #ကျောင်တွင်အကူညီများ #လိုအပ်နေ #Ayeyarwaddy_Times