
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်
ယမန်နေ့က Phayuha Khiri ခရိုင်က မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်တစ်ခုမှာ ပစ်ကပ်ထရပ် ကားတစ်စင်းအတွင်း တင်ဆောင်လာတဲ့ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်သူ ၁၆ ဦးနဲ့ ထိုင်းလူပွဲစား ၄ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
သံသယဖြစ်ဖွယ်ရာ ကားနှစ်စင်း တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှ Phayuha Khiri ခရိုင်ရှိ Phahonyothin လမ်းမကြီးတစ်လျောက် သွားလာနေတယ်ဆိုတဲ့ သတင်းပေးချက်အရ ဗန်ကောက်လိုင် စင်ပါတဲ့ ပစ်ကပ်ကားတစ်စင်းကို ရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ်မှာ ရှာဖွေခဲ့တယ်လို့ မူးယစ်ဆေးတိုက် ဖျက်ရေးတပ်ဖွဲ့မှ ရဲမှူးကြီး ပိုင်တွန်းနမ်လတ်ပ်က ပြောပါတယ်။
ရဲအရာရှိတွေဟာ မော်တော်ကားအတွင်း ထိုင်းလူမျိုး ၃ ဦးကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါကားဟာ ၁၀ ကီလိုမီတာအကွာရှိ အခြားပစ်ကပ်ကားကို ဦးဆောင်မောင်းနေတာဖြစ်ပြီး ရဲတပ်ဖွဲ့က ၎င်းတို့ကို မေးမြန်းဖို့ ထိန်းသိမ်းခဲ့ပါတယ်။
ဗန်ကောက်လိုင်စင်ပလိတ်ပြားတပ်ထားတဲ့ ဒုတိယမြောက် ပစ်ကပ်ကားဟာ နောက်ပိုင်းမှာ စစ် ဆေးရေးဂိတ်ကို ရောက်ရှိလာခဲ့ပြီး ရဲတပ်ဖွဲ့က ရှာဖွေရာမှာ အသက် ၂၇ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ် ဦးကို တွေ့ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ မော်တော်ကားနောက်ခန်းမှာ ပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော အမျိုးသား ၁၀ ဉီးနဲ့ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၆ ဉီးကိုလည်း တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၁၆ ဦးကို မဲဆောက်မှ အယုဒ္ဓယပြည်နယ်သို့ ပို့ ဆောင်ပေးဖို့ အမည်မသိသူတစ်ဉီးက သူ့ကို ဘတ် ၁၀၀၀၀ နဲ့ ငှားရမ်းခဲ့တာလို့ ထိုင်းယာဉ်မောင်း ဝီနိုင်း ကပြောပါတယ်။
အယုဒ္ဓယပြည်နယ်သို့ ရောက်ရှိပါက မြန်မာနိုင်ငံသားတွေကို တစ်စုံတစ်ယောက်က တွေ့ဆုံကာ လုပ်ငန်းခွင်တွေသို့ ခေါ်ဆောင်မယ်လို့ သူက ဆိုပါတယ်။
တရားမဝင် လာရောက်သူတွေ ထိုင်းနိုင်ငံတွင်း ခွင့်ပြုချက်မရဘဲ ဝင်ရောက်ခွင့်ရအောင် ကူညီမှု နဲ့ ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံသား ၄ ဦးကို ကနဦး စွဲချက်တင်ခဲ့ပါတယ်။
မြန်မာနိုင်ငံသား ၁၆ ဦးကိုလည်း တရားမဝင် ဝင်ရောက်မှုနဲ့ စွဲချက်တင်ခဲ့ပြီး ရဲစခန်းမှာ ထိန်း သိမ်းထားပါတယ်။
ကိုးကား – Bangkok Post
Ref; 16 Myanmar migrants, 4 Thais smugglers arrested
#Ayeyarwaddy_Times