ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်၊ စည်ပင်သာယာလမ်းရှိ “ရွှေပြည်ကျော်”လျှပ်စစ်ပစ္စည်းဆိုင် ကိုဇူလိူင်လ ၁၀ရက်နေ့ နေ့လည်ပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံခဲ့ရကြောင်းသိရသည်။

အဆိုပါဆိုင်သည် လပွတ္တာမြို့နယ် ကြံခိုင်ရေးပါတီ ကော်မတီ၀င် ဦးညိုဝင်း ဆိုသူ၏ ဆိုင်ဖြစ်ကြောင်းသိရပြီးပစ်ပေါက်ခံရသော လက်ပစ်ဗုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

“လက်ပစ်ဗုံးက ဆိုင်ကပစ္စည်းတွေပေါ်မှာတင်နေတာ မပေါက်ဘူး သူတို့လဲ လန့်ပြီး ဆိုင်ထဲမှာမနေရဲကြတော့ဘူး သိပ်မကြာဘူး စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး လက်ပစ်ဗုံးယူတယ်၊ ဆိုင်ရဲ့ စီစီတီဗီမှတ်တမ်းတွေလဲယူသွားတယ်”ဟုမြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဦးညိုဝင်းသည် မြို့နယ်အဆင့် ပါတီတာ၀န်ရှိသူတစ်ဦး ဖြစ်ပြီးလပွတ္တာမြို့နယ်အတွင်း စစ်ကောင်စီနှင့် အခမ်းအနားများတက်ခြင်း၊ အားကစားပွဲများပြုလုပ်ပေးခြင်း၊ ပြည်သူ့စစ်ဖွဲ့စည်းခြင်း ၊ စစ်ကောင်စီထောက်ခံပွဲများတွင်ပါ၀င်ခြင်းများပြုလုပ်ကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် ဆိုင်၏ စီစီတီဗီမှတ်တမ်းအရ ဆိုင်ကယ်စီး လူငယ် နှစ်ဦးမှ ပစ်ပေါက်ခဲ့ခြင်း တွေ့ရသည့်အတွက် လပွတ္တာမြို့အ၀င်အထွက် ဂိတ်များတွင် ဆိုင်ကယ်စီးနင်းသူများကို တင်းကြပ်စွာစစ်ဆေးနေကြောင်း သိရသည်။

ဓာတ်ပုံ-လက်ပစ်ဗုံးဖြင့်အပစ်ခံရသောလျှပ်စစ်ပစ္စည်းဆိုင်

#လပွတ္တာမြို့ #ကြံခိုင်ရေးပါတီကော်မတီ ၀င် #လျှပ်စစ်ပစ္စည်းအရောင်းဆိုင် #လက်ပစ်ဗုံးဖြင့်ပစ်ခံရ #Ayeyarwaddy_Times