ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ လင့်လမ်းနှင့် ဓမ္မစေတီ လမ်းထောင့်ရှိ စစ်ကောင်စီ၏ လုံခြုံရေးကင်းတဲ ဖောက်ခွဲတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီ ၄၃ မိနစ်ခန့်က စစ်ကောင်စီ၏ လုံခြုံရေးကင်းတဲကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် နှစ် ဦးပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း God’s Hand Force-GHF အဖွဲ့က ထုတ်ပြန် ထားသည်။
“အဲဒီဘန်ကာမှာ အမြဲလိုလို ယာဉ်ထိန်းရဲရှိတယ်။ နောက် မိုဘိုင်းလှည့်နေတဲ့ စစ်တပ်တို့ ရဲတွေအမြဲတမ်းရှိတယ်။ မနက်ကတော့ စောသေးလို့ထင်တယ် အစောင့်ရဲလောက်ပဲ ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ ဖောက်ခွဲတဲ့ လူတွေကိုတော့ မမိဘူး။ ပေါက်ကွဲ ပြီးတော့ လမ်းကိုပိတ်လိုက်ပြီး စစ်နေတာအကြာကြီးပဲ” ဟု ဗဟန်းမြို့နေ ပြည်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
God’s Hand Force က အဆိုပါတိုက်ခိုက်မှုသည် M043 စစ်ဆင်ရေး၏ တစ်စိတ် တစ်ဒေသအဖြစ်လုပ် ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သည့် ဒေါက်တိုင်များ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ၊ လှည့်ကင်းများနှင့် ဝေးရာမှရှောင် ရှားသွားလာကြပါရန် အသိပေးမေတ္တာရပ်ခံကြောင်းကို GHF က ထုတ်ပြန်ထားသည်။
ပုံစာ-ရန်ကုန်ရှိ ရဲတပ်ဝင်များ (ပုံဟောင်း)
#ရန်ကုန် #ဗဟန်း #လင့်လမ်း #စစ်ကောင်စီကင်းတဲ #ဖောက်ခွဲခံရ #God‘sHandForce #Ayeyarwaddy_Times