
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
ဧရာ၀တိီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ရခိုင်ပြည်နှင့်ထိစပ်နေသော ကမ်းခြေရွာများကို ဇူလိူင်လအတွင်းစစ်ကောင်စီ တပ်မှအထိုင်ချကာ ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။
မကျီးစင်၊ ဘောမိကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ၏ ကြည်းတပ်၊ ရေတပ် များမှ အင်အားတိုးချထားကာ ကုန်းလမ်းအပြင်၊ရေလမ်းများကိုပါ တင်းကြပ်စစ်ဆေးနေကြောင်း ဒေသခံများကပြောသည်။
“AA၀င်လာနိုင်တယ်ဆိုပြီး လုံခြုံရေးတင်းကြပ်တယ်ပြောတာပဲ။ ဒါပေမယ့် ရွာသားတွေအတွက်တော့ မကောင်းဘူး တောထဲက သစ်ခုတ်၊ မီးသွေးဖုတ်တဲ့ လူတွေကို ဖမ်းပြီးငွေတောင်း၊ ရွာတွေကို ရိက္ခာတောင်းနဲ့ ဒုက္ခလာပေးနေတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် နေ့စဥ် မကျီးစင်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများးကို ရှောင်တစ်ခင်၀င်ရောက်စစ်ဆေးခြင်းနှင့် သစ်တောများအတွင်း စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသည်။ ထို့အပြင် စစ်ကောင်စီရေတပ်မှလည်း ငါးဖမ်းစက်လှေများကို စစ်ဆေးပြီး ရခိုင်ဘက်သို့ ပို့ဆောင်မည်ဟု စွပ်စွဲကာ ငါးများသိမ်းဆည်းနေကြောင်းသိရသည်။
ပုသိမ်မြို့နယ်အတွင်းရှိ ကမ်းခြေဒေသများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရှာဖွေမှု မကြာခဏပြုလုပ်လေ့ရှိသော်လည်းရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ တပ်စခန်းတစ်ချို့က်ို ရခိုင့်တပ်တော်AAမှသိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်း ယခုအကြိမ်တွင်
အင်အားပြည့် အထိုင်ချကာ ခံစစ်ပုံစံပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
#ပုသိမ်မြို့ #ရခိုင်နှင့်ထိစပ် #ကမ်းခြေရွာများကို #စစ်ကောင်စီမှ #ပိတ်ဆို့စစ်ဆေး
#Ayeyarwaddy_Times