
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ် ကမ်းမှ ထွက်လာသည့် လူ ၁၇ ဦးပါ သမ္ဗန်တစ်စီး ရန်ကုန်မြစ်လယ်တွင် ယနေ့ ဇူလိုင် ၁၀ ရက်နေ့ နံနက်ပိုင်းက တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၈ နာရီကျော်က ရန်ကုန်မြစ်လယ်တွင် သမ္ဗန်တိမ်းမှောက်ခဲ့၍ လူ ၁၇ ဦးအနက် ကိုး ဦးကို တွေ့ရှိကယ်တင်နိုင်ခဲ့ပြီး ရှစ် ဦးပျောက် ဆုံးနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ သမ္ဗန်ပေါ်တွင် ပါရှိသူများမှာ ကျောင်းသား အများဆုံးဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ကျန်ရှိသူများကို ဆက်လက်ရှာဖွေ ကယ်ဆယ်ရေးများပြုလုပ်နေကြောင်း သိရသည်။
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ လူမှုကွန်ရက်
#ရန်ကုန် #ကြည့်မြင်တိုင် #ဗားကရာ #ရန်ကုန်မြစ် #သမ္ဗန်တိမ်းမှောက် #၈ဦးရှာဖွေတွေ့ #Ayeyarwaddy_Times