ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဆူလာဝေစီကျွန်းရှိ တရားမဝင် ရွှေတွင်းတစ်ခုအနီး မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၅ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

လိုင်စင်မဲ့ မိုင်းတွင်းတူးဖော်မှုဟာ သတ္ထုအရင်းအမြစ်ပေါကြွယ်ဝတဲ့ အရှေ့တောင်အာရှကျွန်းစု နိုင်ငံ အင်ဒိုနီးရှားမှာ ပေါများလှပြီး စွန့်ပစ်ထားတဲ့ ရွှေတွင်းတွေဟာ ဘေးကင်းရေးကိရိယာတွေမပါ သော ရွှေရိုင်းတူးဖော်တဲ့ ဒေသခံတွေကို ဆွဲဆောင်ပါတယ်။

စနေနေ့နှောင်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂိုရွန်တာလိုပြည်နယ်၊ ဘိုနီဘိုလန်ဂိုခ ရိုင်က ဝေးလံခေါင်ဖျားကျေးရွာတစ်ခုမှာ မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့ပြီး နှစ်ဒါဇင် ကျော် ပျောက်ဆုံးနေပါတယ်။

“လူဆယ်ဉီး သေဆုံးခဲ့ပါတယ်။ အသက်ရှင်သူအရေအတွက်ဟာ ၅ ဦးမှ ၂၀ အထိ သိသိသာသာ တိုးလာခဲ့ပါတယ်” လို့ ဒေသန္တရ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီမှ ဟာရီယန်တိုက ပြောပါတယ်။

သေဆုံးသူအချို့က ရွှေတွင်းလုပ်သားတွေဖြစ်ပြီး အချို့က ရွှေတွင်းအနီး ဆိုင်ခန်းငယ်တွေ ဖွင့် လှစ်ထားသူတွေဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဒေသတွင်းရှိ တံတားအမြောက်အများ ပြိုကျခဲ့ပြီး ကယ်ဆယ်ရေးသမားတွေဟာ မြေပြင်အခြေ အနေ ခက်ခဲမှုကြောင့် သဘာဝဘေးသင့်ဒေသသို့ ခြေလျင်သွားနေရတယ်လို့ သူက ဆိုပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ဖို့ ရဲနဲ့စစ်သားတွေ အပါအဝင် လူ ၁၈၀ ထက်မနည်းကို စေ လွှတ်ခဲ့တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ နိုဝင်ဘာလနဲ့ ဧပြီလကြား မိုးရာသီကာလအတွင်း မြေပြိုမှုတွေ ဖြစ်ပွား လေ့ရှိပေမယ့် ဇူလိုင်လဟာ ယေဘူယျအားဖြင့် ခြောက်သွေ့ရာသီဖြစ်ကာ မိုးသည်းထန်စွာ ရွာသွန်းတာ ရှားပါးပါတယ်။

မေလအတွင်း ဆူလာဝေစီပြည်နယ်တောင်ပိုင်းမှာ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၅ ဉီး သေဆုံးကာ ဒါဇင်နဲ့ချီတဲ့နေအိမ်တွေ၊ လမ်းမကြီးတွေ ပျက်စီးခဲ့ရပါတယ်။ မေလအတွင်းမှာပင် ဆူလာ ဝေစီပြည်နယ်မှာ မြေပြိုမှုတစ်ခုကြောင့် လူ ၂၀ သေဆုံးခဲ့ပါတယ်။

ကိုးကား – AFP
Ref; 11 dead, 35 missing after Indonesia landslide

#Ayeyarwaddy_Times