
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
ရိုဟင်ဂျာဒုက္ခသည်တွေကို မိခင်မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကူညီဖို့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရာမှာ ကူညီပေးဖို့ ရှိတ်ခ်ဟာစီနာက တရုတ် နိုင်ငံကို မေတ္တာရပ်ခံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟတ်ဆန်မာမွတ်က မီဒီယာရှင်းလင်းပွဲ မှာ ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံညီလာခံ ဥက္ကဌ ဝမ်ဟန်နင် ဦးဆောင်တဲ့ အဖွဲ့က အင်္ဂါနေ့က ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမဆောင်မှာ ရှိတ်ခ်ဟာစီနာဦးဆောင်တဲ့ ဘင်္ဂလား ဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ အခုလို မှတ်ချက်ပြုခဲ့တာပါ။
ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတာ ၆ နှစ်ကျော် ရှိလာခဲ့ပြီဖြစ်ပေမယ့် ၎င်းတို့ကို နေရပ်ပြန်ပို့မယ့်အစီအစဉ် ဖော်ဆောင်တာမရှိသေးဘူးလို့ သူက ဆိုပါတယ်။
“ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကို အရေးကြီးဆုံးကိစ္စအဖြစ် တွေ့ဆုံမှုအတွင်း ဆွေး နွေးခဲ့ကြပါတယ်” လို့ ဟတ်ဆန်မာမွတ်က ပြောပါတယ်။
တရုတ်နိုင်ငံက ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးကိစ္စရပ်ကို မြန်မာနိုင်ငံနဲ့ ဆွေးနွေးမှာဖြစ်ပြီး အဆို ပါကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြား စေ့စပ်ဖျန်ဖြေသူအဖြစ် ဆောင်ရွက်မယ်လို့ ဝမ်ဟန် နင်က ပြောပါတယ်။
“မြန်မာနိုင်ငံနဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ဖော်ဆောင်ဖို့ အစွမ်းကုန် ကြိုးပမ်းမယ်” လို့ သူက ကတိပြုပါတယ်။
ကိုးကား – BSS News
Ref; PM seeks Chinese cooperation to repatriate Rohingyas
#Ayeyarwaddy_Times