
ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
မြန်မာဘက်မှပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာလူငယ်တစ် ဉီး သေဆုံးကာ နှစ်ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာဘက်မှပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ချိန်မှာ သေဆုံးသူ အသက် ၁၈ နှစ်အရွယ် မို ဟာမက်ဇူဘားနဲ့ အခြားနှစ်ယောက်ဟာ နတ်မြစ်အတွင်း ဂဏန်းဖမ်းဆီးနေတာလို့ တက္ကနက်ရဲစခန်းမှူး မိုဟာမက်အိုစမန်ဂါနီက ပြောပါတယ်။
မိုဟာမက်ဇူဘားဟာ လက်နက်ကြီးကျည်စတွေကြောင့် ဆေးရုံသွားရာလမ်းမှာ သေဆုံးခဲ့ပြီး အ ခြားနှစ်ဉီးကိုတော့ ဆေးကုသမှုပြုလုပ်ဖို့ စစ်တကောင်းဆေးရုံသို့ လွှဲပြောင်းပေးလိုက်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း မြန်မာဘက်မှပစ်ခတ်တဲ့ မော်တာကျည်ကြောင့် ဆယ်ကျော်သက်တစ်ဉီး သေဆုံးခဲ့ရာ ယခုဖြစ်စဉ်ဟာ နှစ်နှစ်အတွင်း ဒုတိယမြောက် နယ်စပ်ဖြတ်ကျော် လက်နက်ကြီးပစ်ခတ်မှု ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ကြောက်မတ်ဖွယ်ရာဖြစ်ပြီး ရိုဟင်ဂျာတွေဟာ လွန်ခဲ့သော ၈ နှစ်က ကြုံတွေ့ခဲ့ရတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုအန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ အထူးအစီ ရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ပြောပါတယ်။
မြန်မာနယ်စပ်ရှိ မောင်တောမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပေါက်ကွဲသံတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေကြား အလုအယက်ဝယ်ခြမ်းတာတွေ ဖြစ်စေခဲ့ပါတယ်။
ပဋိပက္ခအရှိန်မြှင့်လာတာကြောင့် ရိုဟင်ဂျာအချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတာတွေ ဖြစ် စေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာမှဒုက္ခသည်တွေ ထပ်မံ လက်မခံနိုင်တော့ဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မေလအ တွင်း သတိပေးခဲ့ပြီး ရိုဟင်ဂျာအရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ထောက်ပြခဲ့ပါတယ်။
ကိုးကား – Independent
Ref; Teenage Rohingya refugee killed in Bangladesh by shell fired from Myanmar
#Ayeyarwaddy_Times