ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ယမန်နေ့ ဇူလိုင် ၈ ရက်နေ့က အရပ်သားနှစ်ဦး မိုင်းနင်းပြီး ခြေထောက်ဖြတ်လိုက်ရကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ အရပ်သား နှစ်ဦးသည် အာရက္ခတပ်တော်(AA)တပ်စွဲထားသည့် ကလားကျေးရွာနှင့် ဝလံတဲကျေးရွာတို့တွင် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
မိုင်းနင်းလူနာများသည် ကလားကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးလောင်မန်းနှင့် ဝလံတဲကျေးရွာမှ ဦးတွီမိုးတို့ ဖြစ်သည်။
“ရွာပတ်လည်မှာ မိုင်းတွေထောင်ထားပြီး AA တွေက တပ်စွဲထားတယ်။ အခု အရပ်သားတွေ နင်းတဲ့ မိုင်းတွေကလည်း AA ရဲ့ မိုင်းတွေဖြစ်ပါတယ်”ဟု ကလားကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုင်းနင်းသည့် လူနာနှစ်ဦးအနက် ဦးလောင်မန်းသည် ခြေနှစ်ဖက် ဆုံးရှုံးလိုက်ရပြီး ဦးတွီမိုးသည် ဘယ်ခြေတစ်ဖက် ဆုံးရှုံးလိုက်ရကာ ညာခြေတစ်ဖက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့ကို နီးစပ်ရာ ဆေးခန်းတွင် အရေးပေါ်လိုအပ်သည့် ဆေးဝါးကုသမှု လုပ်ဆောင်ပေးပြီး ဆေးရုံကြီးတွင်ဆက်လက်ဆေးကုသရန်အတွက် လိုအပ်ကြောင်း သိရသည်။
အဆိုပါ မိုင်းသည် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက ထောင်ထားသည့်မိုင်းဖြစ်ကြောင်း ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကလည်း ကုလားကျေးရွာမှ CDM ကျောင်းဆရာ တစ်ဦး AA ထောင်ထားသည့် မိုင်းနင်းမိသောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#မတူပီမြို့နယ် #အရပ်သား၂ဦး #မိုင်းနင်းမိ #ခြေထောက်ဖြတ်ရ #Ayeyarwaddy_Timesဧရာဝတီတိုင်းမ်

#မတူပီမြို့နယ် #အရပ်သား၂ဦး #မိုင်းနင်းမိ #ခြေထောက်ဖြတ်ရ #Ayeyarwaddy_Times