ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ လူ ၃၃ ဦး သေဆုံးပြီး ကိယက်ဗ်မြို့တော်ရှိ ကလေးဆေးရုံတစ်ခု ကြီးမားစွာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့က ကိယက်ဗ်၊ ယူကရိန်းအရှေ့ပိုင်းရှိ နီပရိုပက်ထရိုဗက်ခ်နဲ့ ဒိုးနက်ခ် အပါအဝင် ဒေသ များစွာ အပြင်းအထန် တိုက်ခိုက်ခံခဲ့ရပါတယ်။

ရုရှားစစ်တပ်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့တော်ရှိ လူနေအဆောက်အအုံနဲ့ အ ခြားအဆောက်အအုံတွေ ထိမှန်ခဲ့ပြီး လူ ၂၂ ဦး သေဆုံးကာ ၇၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။

ကိယက်ဗ်မြို့တော်ရှိ Okhmatdyt ကလေးဆေးရုံလည်း တိုက်ခိုက်ခံခဲ့ရလို့ နှစ်ဉီး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောပါတယ်။

ဆေးရုံကို ခရုဇ်ဒုံးကျည်တစ်စင်းနဲ့ ပစ်ခတ်တဲ့အတွက် ယူကရိန်း လုံခြုံရေးအာဏာပိုင်တွေက ရု ရှားစစ်တပ်ကို ရှုတ်ချခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းစစ်တပ်ရဲ့ စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ လေတပ်အ ခြေစိုက်စခန်းတွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ရုရှားနိုင်ငံတွင်းရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ ယူကရိန်းရဲ့ ကြိုးပမ်း ချက်တွေကို လက်တုံ့ပြန်တဲ့တိုက်ခိုက်မှုလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ရုရှားတပ်ဖွဲ့ပစ်လွှတ်တဲ့ ဒုံးကျည် ၃၈ စင်းအနက် အစင်း ၃၀ ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ် လို့ ယူကရိန်းလေတပ်ဖွဲ့က ပြောပါတယ်။

ကမ္ဘာကြီးတစ်ခုလုံးက ရုရှားတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အဆုံးသတ်မှာ စိတ်ပိုင်းဖြတ်ရမယ် လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Russian attack kills 33 in Ukraine, hits Kyiv children hospital

#Ayeyarwaddy_Times