
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂ ) တွင် စစ်ကောင်စီက လေကြောင်းအသုံးပြု၍ တိုက်ခိုက်မှုများကို ဗျူဟာပြောင်း တန်ပြန်တိုက်စစ်အဖြစ် ညပိုင်းအချိန်တွင် ပြုလုပ်လာကြောင်း သိရသည်။
စစ်ကောင်စီ၏ တစ်ခုတည်းသော စစ်ရေးအရေးသာမှုဖြစ်သည့် လေကြောင်း တိုက်ခိုက်မှုနှင့် ဒရုန်းတိုက် ခိုက်မှုကို ညပိုင်းအချိန်တွင် အဓိကထားအသုံးပြု၍ တန်ပြန်တိုက်စစ်ဆင်လာကြောင်း ကာကွယ်ရေးတပ် ဖွဲ့များထံက သိရသည်။
“စစ်တပ်က ဗျူဟာပြောင်းထားပုံရတယ်။ မြေပြင်တပ်တွေက စခန်းကနေ တဖြည်းဖြည်း ဆုတ်ပေးနေရတော့ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူအတွက် အချက်ပြ ပစ်ပြပြီး ညွှန်ပြပေးနေတာမျိုးဖြစ် နေပါတယ်။ နောက်ပြီး လေထီးမီးကျည်တွေပါ သုံးပြီး မြေပြင်ကိုပစ်ကူပေးနေတယ်”ဟု တော်လှန်ရေးရဲ ဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက လေကြောင်းအသုံးပြုမှုအပြင် ဒရုန်းအသုံးပြု၍ တိုက်ခိုက်ခြင်းများကို အဓိကလုပ်ဆောင်လာပြီး ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးမစတင်မီ ဇွန်လ အစောပိုင်းမှစ၍ ရှမ်းမြောက်နှင့် ရခိုင်ဒေသသို့ ဒရုန်းပေါင်းထောင်ချီ၍ ပို့ဆောင် ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၁၃ ရက်နေ့က ငပလီလေဆိပ်အနီးရှိ ခလရ ၅၅ မှ စစ်ကောင်စီ၏ ဒရုန်းတပ်ဖွဲ့သည် ကိုယ့် တပ်အချင်းချင်း မှားယွင်း၍ ဒရုန်းဗုံးပစ်ချ တိုက်ခိုက်မိသည့် အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။
“Night Attack လုပ်လိုတဲ့သဘောမို့ ကျွန်တော်ပြုံးချင်တာထက် ပိုဆိုးတယ်။ ဒါက စားပွဲပေါ်ကစီမံချက်။ နေ့ဘက်မြင်မြင်ထင်ထင်တောင် တလွဲတွေကြီးဖြစ်တာ ညဘက်သာဆို မြင်ယောင်ပါတယ်။ တစ်ခုတော့ရှိမယ်။ သူတို့ခံရတာ လူမမြင်တော့ဘူး ပေါ့ဗျာ”ဟု CDM ဗိုလ်ကြီးဇင်ယော်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
စစ်ကောင်စီ၏ ညပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်ရန် မြေပြင်အဖွဲ့က အချက်ပြပစ်ခတ်မှုများ ပြုလုပ်ပေးရသည်ကို ၎င်းတို့၏ စစ်ကောင်စီတပ် အချင်းချင်း မှားပစ်မည်ကို တပ်ဖွဲ့ဝင်များက စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။
“တပ်ဖွဲ့ဝင်တွေက စခန်းကနေ သာသာယာယာဆုတ်ခဲ့ရတာမဟုတ်ဘဲ အသည်းအသန် အသက်လုပြေးနေရချိန်မှာ အပေါ်က လေကြောင်းက မကူနိုင်ဘူး။ နှစ်ဖက်လုံးမှာက လက်နက်အပြည့်အစုံရှိတော့ ကိုယ်ကအချက်ပြလိုက်ရင် ဟိုဘက်ကလည်း လက်နက် ကြီး လာနိုင်တယ်။ ကိုယ်က အချက်မပြနိုင်ရင်လည်း လေကြောင်းက မှားကြဲမှာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
#စစ်ကောင်စီ #ညပိုင်း #လေကြောင်းအသုံးပြု #တိုက်ခိုက် #တပ်ချင်းအချင်း #မှားကြဲ #စိုးရိမ် #Ayeyarwaddy_Times