ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ ဘေးအန္တရာယ်ကင်း စွာ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက်ရှာဟာဘူဒင်က ဇူလိုင်လ ၄ ရက်မှာ မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်ကောင်စီခန့် သံအမတ် ဦးကျော်စိုးမိုးက ဘင်္ဂလားဒေ့ရှ်သမ္မတထံ သံအမတ်ခန့်အပ် လွှာ ပေးအပ်ပြီးနောက် တွေ့ဆုံချိန်မှာ အခုလို ပြောကြားခဲ့တာပါ။

“ရိုဟင်ဂျာအကျပ်အတည်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးမယ်လို့ မျှော်လင့်ပါ တယ်” လို့ ဘင်္ဂလားဒေ့ရှ်သမ္မတက စစ်ကောင်စီသံအမတ်ကို ပြောပါတယ်။

မြန်မာက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အနီးကပ်ဆုံး အိမ်နီးချင်းဖြစ်တာကြောင့် ကောင်းမွန်သော နှစ် နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းဖို့ အမြဲ ဦးစားပေးတယ်လို့ သမ္မတရဲ့ ပြန်ကြားရေးအတွင်းဝန် ဂျွိုင်နယ်အ ဘီဒင်က ပြောပါတယ်။

စစ်ကောင်စီခန့် သံအမတ်သစ်ရဲ့ သက်တမ်းကာလအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြား နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို တိုးမြှင့်ဖို့ မျှော်လင့်ပါကြောင်း ဘင်္ဂလားဒေ့ရှ်သမ္မတက ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်တင်ဘာလမှာ ဘင်းစတက်အဖွဲ့ရဲ့ ဉက္ကဌအဖြစ် တာဝန်ယူမှာဖြစ်လို့ မြန်မာနိုင်ငံနဲ့ အနီးကပ် လက်တွဲဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေကြောင့်ဖြစ်ပွားတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စစ်ကောင်စီက ဆောင် ရွက်နေပြီး ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ စိုးရိမ်မှုတွေကို စစ်ကောင်စီထံ တင်ပြသွားကာ ပြဿနာဖြေရှင်းမယ့် နည်းလမ်းတွေ ရှာဖွေမယ်လို့ စစ်ကောင်စီသံအမတ်က ပြောပါတယ်။

ကိုးကား – BSS News
Ref; President urges Myanmar to take back Rohingyas safely, respectfully

#Ayeyarwaddy_Times