
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၉ ရက်
မနေ့က ကျရောက်တဲ့ ၃၄ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်လူထုသပိတ်က ရန်ကုန်မြို့တွင်းမှာ ထီးသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့တွင်သာမက အမေရိကန်နိုင်ငံ၊ နယူးယာက်မြို့၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့၊ ချက်သမ္မတနိုင်ငံ ပရာဟာမြို့၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တောင်ကိုရီးယား၊ ထိုင်ဝမ် စသည့် နိုင်ငံများရှိ တော်လှန်ရေးအင်အားစုများကလည်း ထီးသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြတယ်လို့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးက သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေး