ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်

ရုရှားရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ ယူကရိန်းဟာ ဂျာမနီထံမှ တတိယမြောက် ပက်ထရီး ယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် လက်ခံရရှိခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

“ယူကရိန်းသို့ ပက်ထရီးယော့ဒုံးခွင်းစနစ် ပေးပို့တဲ့အတွက် ဂျာမနီကို ကျေးဇူးတင်ပါတယ်။ ဒါ ဟာ သတင်းကောင်းပါ” လို့ တယ်လီဂရမ် ရုပ်သံမက်ဆေ့မှာ ၎င်းက ပြောပါတယ်။

ပက်ထရီးယော့နဲ့ အခြားဒုံးခွင်းစနစ်တွေကို အခြေခံပြီး ဒီနှစ်နွေရာသီမှာ တိုင်းပြည်ရဲ့ လေ ကြောင်းရန်ကာကွယ်ရေးစွမ်းပကားကို နှစ်ဆတိုးမြှင့် ရည်မှန်းချက်တစ်ရပ် သတ်မှတ်ခဲ့ရာ ယခုအခါ ရ လဒ်တွေကို စတင်မြင်တွေ့နေရပြီလို့ သူက ဆိုပါတယ်။

“ဂျာမနီမှ တတိယမြောက် ပက်ထရီးယော့ဒုံးခွင်းစနစ် ယူကရိန်းသို့ ရောက်ရှိလာခဲ့ပါပြီ” လို့ ယူ ကရိန်းနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး မာတင်ဂျေဂါက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ယူကရိန်းအနေနဲ့ တိုင်းပြည်ကိုကာကွယ်ဖို့ ပက်ထရီးယော့ဒုံးခွင်းစနစ် ၇ ခုထက်မနည်း လိုအပ် တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ပက်ထရီးယော့နဲ့ အခြားလေကြောင်းရန် ကာကွယ်ရေးစနစ်တွေအတွက် ဒုံးကျည်တွေပါဝင်တဲ့ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မယ်လို့ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့ မှာ ကြေညာခဲ့ပါတယ်။

ဥရောပတိုင်းပြည် ၄၃ ခုက ယူကရိန်းအတွက် နှစ်စဉ် သုံးစွဲတဲ့ ဒေါ်လာ ၄၃ ဘီလီယံကို အနည်း ဆုံးသတ်မှတ်ကာ ထောက်ပံ့ပေးသင့်တယ်လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်းစတိုတန်ဘဂ့်က လာ မယ့်အပတ် ဝါရှင်တန်မြို့တော်မှာကျင်းပမယ့် နေတိုး ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပြောကြားခဲ့ပါတယ်။

ကိုးကား – VOA
Ref; Ukraine announces additional air defense support from Germany

#Ayeyarwaddy_Times