ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်

အီရန်သမ္မတရွေးကောက်ပွဲမှာ ပြုပြင်ပြောင်းလဲရေးသမား မာစွပ်ပီဇီရှက်ကီယန် အနိုင်ရရှိခဲ့ တယ်လို့ သိရပါတယ်။

မာစွပ်ဟာ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ အနောက်နိုင်ငံတွေနဲ့ ပိုပြီး ဆွေး နွေးမှုတွေပြုလုပ်ဖို့ ကတိပြုခဲ့ပါတယ်။

မာစွပ်က သမ္မတရွေးကောက်ပွဲမှာ သဘောထားတင်းမာတဲ့ ကွန်ဆာဗေးတစ် ဆာအဒ်ဂျာလီလီ ကို အနိုင်ရရှိခဲ့တာလို့ အီရန် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

မေလအတွင်းက ရဟတ်ယာဉ်ပျက်ကျမှုမှာ သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးပြီးနောက် ရွေး ကောက်ပွဲတစ်ရပ် ပြုလုပ်ခဲ့တာပါ။

မာစွပ်ဟာ လွှတ်တော်ဒုတိယဉက္ကဌဟောင်းနဲ့ ကျန်းမာရေးဝန်ကြီးဟောင်းဖြစ်ပါတယ်။ အီရန်အ ပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းနိုင်ရေး အမေရိကန်၊ ဉရောပတိုင်းပြည်တွေနဲ့ ဆက်ဆံရေးမြှင့်တင် လိုတယ်လို့ မာစွပ်က ပြောပါတယ်။

မာစွပ်က အီဘရာဟင်ရိုင်စီရဲ့ သဘောထားတင်းမာသော သံတမန်ရေးမူဝါဒကို ပြောင်းလဲမယ် လို့ မျှော်မှန်းရပါတယ်။

အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက အရေးပါသောမူဝါဒတွေ ချမှတ်ရာမှာ ပါဝင်နေတာကြောင့် အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးကို ဘယ်အတိုင်းအတာအထိ တိုးတက်အောင် လုပ်ဆောင်မလဲဆိုတာ မရှင်းလင်းပါဘူး။

ကိုးကား – NHK
Ref; Reformist Pezeshkian wins Iranian presidential run-off, Interior Ministry says

#Ayeyarwaddy_Times