
ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်
မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်ဟာ လွန်ခဲ့သော ၈ နှစ်က ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုလိုမျိုး ကြောက်မတ်ဖွယ်ရာ အခြေအနေတစ်ရပ် ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂ ကျွမ်း ကျင်သူတစ်ဦးက ဇူလိုင်လ ၄ ရက်မှာ သတိပေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီခံစာတင်ပြသူ သောမတ်အန်ဒရူးက ကုလသ မဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောပါတယ်။
“စစ်ကောင်စီက အာရက္ခတပ်တော် (AA) ထံ နယ်မြေတွေ မြန်ဆန်စွာ ဆုံးရှုံးနေတဲ့ ရခိုင်ပြည် နယ်ရဲ့အခြေအနေက ကြောက်မတ်ဖွယ်ရာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
“စစ်မက်ဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေကြား အမြတ်ထုတ်ခံနေရ၊ ပိတ်မိနေတဲ့ ရိုဟင်ဂျာတွေအ တွက် အခြေအနေက ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်က လူမျိုးသုဉ်းသတ်ဖြတ်မှု အခြေအနေကို ဦးတည်နေပါ တယ်” လို့ ၎င်းက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာလူငယ်တွေကို တပ်သားသစ်အဖြစ်စုဆောင်းကာ AA နဲ့ တိုက်ခိုက်ရာမှာ အသုံးချနေတယ်လို့ သူက ထောက်ပြပါတယ်။
ရိုဟင်ဂျာလူငယ်တွေကို သူတို့ရဲ့ဆန္ဒမပါဘဲ ရှေ့တန်းစစ်မျက်နှာပြင်တွေသို့ ပို့ဆောင်ခဲ့တာ ကြောင့် ရခိုင်အသိုင်းအဝိုင်းရဲ့ လက်တုံ့ပြန်မှုနဲ့ အကြမ်းဖက်မှုတိုးလာတာတွေ ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
တိုင်းရင်းသား ရခိုင်လူမျိုးစုအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်နေတာလို့ဆိုတဲ့ AA က တော့ ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ဖို့ ကတိပြုထားပါတယ်။
ကိုးကား – AFP
Ref; UN expert warns of looming ‘genocidal violence’ in Myanmar
#Ayeyarwaddy_Times