ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

မြန်မာနိုင်ငံရဲ့ မတည်ငြိမ်သော အခြေအနေက အိန္ဒိယနဲ့ထိုင်းအပါအဝင် အိမ်နီးချင်းတိုင်းပြည် တွေအပေါ် သက်ရောက်မှုတွေရှိခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အာဏာသိမ်းစစ်ကောင်စီအပေါ် ထိုးစစ်ဆင်မှုတွေ ကြောင့် စစ်ကောင်စီက တိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေအများစုကို မထိန်းချုပ်နိုင်တော့ဘူးလို့ သံအမတ် ကြီး နာဂစ်ဆင်းဂျ်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ခဲ့လို့ ရာဇဝတ်ဂိုဏ်းတွေနဲ့ တရားမဝင်လုပ် ငန်းတွေ အခြေချရာ မြန်မာနိုင်ငံတွင်းက နယ်မြေအချို့နဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဉပဒေမဲ့နယ်မြေတွေမှာ တရုတ်မာဖီးယားဂိုဏ်းတွေရဲ့ ကျားဖြန့်လုပ်ငန်းတွေ၊ တ ရားမဝင် ကာစီနိုတွေနဲ့ လူမှောင်ခိုကူးကွန်ရက်တွေ လှုပ်ရှားနေကြတယ်လို့ သူက ထောက်ပြပါတယ်။

လုပ်ခလစာကောင်းတဲ့ အလုပ်တွေရဲ့ဆွဲဆောင်မှုကြောင့် ခေတ်သစ်ကျေးကျွန်တွေအဖြစ် ကျား ဖြန့်လုပ်ငန်းတွေမှာ အသုံးချခံနေရတဲ့ အိန္ဒိယ၊ ဘရာဇီး၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင် အပါအဝင် ကမ္ဘာ့နိုင်ငံသားတွေရဲ့ အတိဒုက္ခကိုလည်း သူက မီးမောင်းထိုးပြခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ ပိုင်နယ်နယ်မြေအများစုကို လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက ထိန်းချုပ် ထားပါတယ်။ ခင်ဗျားမှာ ထိတွေ့ဆက်ဆံရမယ့် ဗဟိုအာဏာပိုင် မရှိပါဘူး” လို့ ၎င်းက ပြောပါတယ်။

ဒီလိုအခြေအနေကြောင့် ထိုင်းနဲ့မြန်မာရှိ အိန္ဒိယသံတမန်မစ်ရှင်တွေက နိုးနိုးကြားကြား မြန်ဆန် စွာ တုံ့ပြန်ကြဖို့ သူက ပြောကြားခဲ့ပြီး အိန္ဒိယခရီးသွားတွေကို သတိပေးဖို့နဲ့ တရားမဝင် လှုပ်ရှားမှုတွေ ကို ဖြတ်တောက်မယ့် နယ်စပ်ထိန်းချုပ်မှုတွေ တင်းကျပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ကိုးကား – ANI
Ref; Myanmar crisis spurs concerns over rising criminal syndicates, human trafficking: Indian envoy

#Ayeyarwaddy_Times